chapter 11

908 149 45
                                    

Unicode

ဖြန်း

ဝင်ဝင်ချင်း ဆီးကြိုခံလိုက်ရတာက ပူထူသွားတဲ့ ပါးတစ်ဖက်။

"ညက ဘယ်ကောင်မနဲ့ အိပ်နေလို့ပြန်မလာရတာလဲ!!!"

မုန့်ထုပ်တွေကိုင်ထားလက်စ နီခီက တံခါးဝမှာ မျက်စိပျက် မျက်နှာပျက်။ ပါးတစ်ဖက်ကတော့ လောလောလတ်လတ် ရိုက်ခံထားရတဲ့ လက်ရာကြောင့် နီရဲနေသည်၊ သို့ပေမဲ့ ဒီတစ်ကြိမ်ကတော့ သက်သာသည်ပြောရမည်၊ ခါတိုင်းဆို သူစိတ်အလိုမကျတိုင်း နီခီ ဆန်ပြုတ်ပါမစားနိုင်တဲ့အထိကို ရိုက်တာမို့။

"စကားပြောရင် လက်မပါနဲ့လို့ ဘယ်နှခါပြောရမလဲ ဂျောင်းဝန်း"

အော်တယ်လို့မမည်တဲ့ အသံခပ်မာမာနဲ့ ပြောလိုက်တော့ မီးတောက်လို ရဲနေတဲ့မျက်ဝန်းတွေက ဖျော့တော့လာသည်။ တကယ်တော့ သူ ဂျောင်းဝန်းကို မအော်ရဲပါဘူး၊ ဘယ်တုန်းကမှလည်း မအော်ရဲခဲ့ဘူး၊ အဲ့မျက်လုံးဝိုင်းတွေနဲ့ သူ့ကိုပြန်ကြည့်ပြီး ရိုက်တဲ့အခါမျိုးတွေမှာတောင် သူက ကျေကျေနပ်နပ်ကြီး ခံခဲ့ရတာ၊ မဟုတ်ဘူး... သူ မကျေနပ်သည့်တိုင်အောင် ဘာမှမပြောနိုင်ဘဲ ငြိမ်ခံနေခဲ့ရတာဖြစ်သည်။ သူ့ကိုထိန်းချုပ်ထားသလို ကြည့်တဲ့ အဲ့မျက်ဝန်းတွေကို ရူးမတတ်မုန်းပါသည်၊ သို့တိုင်အောင် သူ ဂျောင်းဝန်းဆီက မရုန်းထွက်နိုင်။ အကြိမ်ကြိမ်ထွက်ပြေးခဲ့ပေမဲ့ နောက်ဆုံး သူကိုယ်တိုင်ကပဲ အဲ့မျက်ဝန်းတွေဆီ ထပ်မံတွယ်ငြိရင်း တွယ်ငြိရင်း...။

"ငါမနေ့က ဘယ်လောက်တောင် ကြောက်နေခဲ့ရလဲ"

"မိုးခြိမ်းသံကို ငါသေမတတ်ကြောက်တယ်လို့ ပြောထားရက်နဲ့..."

အင်္ကျီရင်ဘတ်ကို ဆွဲဆုပ်ရင်း ငိုချင်းချလာတဲ့လူက သူ့ရင်ခွင်ဆီ ပြိုကျလာတာမို့ အလိုက်သင့်ဖက်ထားပေးလိုက်သည်။ နီခီက သက်ပြင်းရှည်ကြီး ချလိုက်ရင်း...

"အေးပါ ငါမှားသွားပါတယ် ထပ်ထားမသွားတော့ပါဘူး"

ကျောကိုပွတ်သပ်ရင်းသာ ပြန်ချော့လိုက်ရသည်။ ဘယ်လောက်ပဲ ပင်ပန်းပါတယ်ဆိုဆို နောက်ဆုံးမှာ ဂျောင်းဝန်းမျက်ရည်ကို မြင်တဲ့အခါတိုင်း သူစိတ်ပျော့သွားရသည်မှာ အမှန်။ အကယ်၍ အချိန်တွေသာ နောက်ပြန်လှည့်ခွင့်ရခဲ့မယ်ဆိုရင် သူတို့ချစ်ခဲ့တဲ့နေ့ရက်တွေကို ဘယ်တော့မှ ရောက်မလာအောင် တားဆီးခဲ့ချင်သည်၊ သူချစ်ခဲ့တဲ့ ဖြူဖြူစင်စင် ကောင်လေးကို ဖြူစင်တဲ့အနေအထားမှာတင် ထားခဲ့ချင်သည်။ ဖြူဖြူစင်စင် ကောင်လေးကို အကြောက်တရားတွေရသွားအောင် စိတ်ဒဏ်ရာတွေဖြစ်သွားအောင် သူကပဲ အရောင်ဆိုးခဲ့တာမဟုတ်လား၊ သူလည်းပင်ပန်းတယ်ဆို‌ပေမဲ့ အရာအားလုံးက သူ့အပြစ်တွေဖြစ်ခဲ့တာ မဟုတ်လား။

anagapesis [ sunki ]Where stories live. Discover now