chapter 4

878 163 36
                                    

Unicode

မနက်စောစော ဝင်လာတဲ့ဖုန်းကြောင့် ဆောနူတစ်ယောက် ကျိန်ဆဲလိုက်သည်။ အနီးက စားပွဲပေါ်ကဖုန်းကို လှမ်းယူလိုက်ပြီး မျက်လုံးမဖွင့်ဘဲ ဖုန်းကို ကောက်ကိုင်လိုက်သည်။

"ဟယ်လို.." အိပ်ချင်းမူးတူးနှင့် ပလုံးပ‌ထွေးရောထွေးနေတဲ့ အသံဖြင့် ဖုန်းကိုပြန်ဖြေလိုက်သော်လည်း တစ်ဖက်ကပြန်လာတဲ့ ခပ်စိမ်းစိမ်း အသံကြောင့် မျက်စိပွင့်သွားသည်။ နားနားကပ်ထားတဲ့ ဖုန်းကိုခွာပြီး ကြည့်လိုက်တော့ ဖုန်းနံပါတ်စိမ်း တစ်ခု။

နီခီ များလား?

"ဟုတ်ကဲ့ လူကြီးမင်းကို ကျွန်တော်တို့ mura productsကနေ ထပ်မံဖြန့်ချီလိုက်တဲ့ ပစ္စည်းသစ်လေး ကို မိတ်ဆက်ပေး..."

တစ်ဖက်က စကားမဆုံးခင်မှာပဲ ဆောနူက ဖုန်းကိုချလိုက်ပြီး ကုတင်ပေါ်ကောက်ပေါက်လိုက်သည်။ မနက်စောစောမှာ မျှော်နေတဲ့ ဖုန်းကမလာဘဲ ကြော်ငြာဖုန်းဖြစ်နေတာက တော်တော်လေးကို ကျက်သရေယုတ်ပါသည်။ ဒီကြော်ငြာဖုန်းကို ကိုင်ဖို့ အိပ်ရေးပျက်ခံလိုက်ရသေးသည်။ အချိန်ကြည့်မိတော့ ၉နာရီခွဲနေပြီဆိုပေမဲ့ ထနေကျ အချိန်မဟုတ်တာမို့ ပြန်အိပ်ရန်အလို့ငှာ စောင်ကိုခေါင်းအထိ ဆွဲခြုံလိုက်ပါသည်။ မိုးကတော့ ပုံမှန်အတိုင်း အရမ်းကြီး သည်းတယ်လို့ မဟုတ်ပေမဲ့ တတောက်တောက်။

ပြန်အိပ်ပျော်ခါနီးစဲစဲမှာပဲ ထပ်မံဝင်လာတဲ့ ဖုန်းကြောင့် ဒေါသထွက်ထွက်နှင့် ဖုန်းကိုကောက်ကိုင်လိုက်သည်။ သေချာပြန်ကြည့်လိုက်တော့ ခုနက ကြော်ငြာဖုန်းဖြစ်နေတာမို့ ချက်ချင်းဆိုသလို သွေးကငယ်ထိပ်ထိ ဆောင့်တက်သွားသည်။ ဖုန်းကိုစက်ပိတ်ပစ်လိုက်ဖို့ လုပ်လိုက်ပေမယ့် တစ်ချက်အသိဝင်ချိန်မှာချိန်မှာတော့ အစိမ်းရောင်ခလုတ်လေးကို တစ်ချက်ဆွဲလိုက်သည်။ သူများအိပ်ချိန်ကို အလိုက်မသိနှောင့်တဲ့ လူတွေကိုလည်း ကလော်တုတ်ရပေမည်။

"ဒီမှာ ခင်ဗျားတို့ ဘာရောင်းရောင်း စိတ်မဝင်စားဘူးလို့! နားလည်းနားမထောင်ချင်ဘူး၊ လျှော့ဈေးဆိုလည်း မဝယ်ဘူး! လူအိပ်ချိန်ဆိုတာကို နားမလည်ဘူးလား? ဟမ်? လူလိုသိလေ! တစ်ခေါက်ဖုန်းချလိုက်ရင်တော်တော့လေ ဗျာ ခင်ဗျားတို့ဟာက မလွန်..."

anagapesis [ sunki ]Where stories live. Discover now