chapter 2

1.2K 172 6
                                    

Unicode

တက္ကသိုလ်ဝင်စာမေးပွဲဖြေပြီးချိန် results စောင့်နေရသည့် အချိန်မို့ ထွေထွေထူးထူး လုပ်စရာမရှိ။ ဒီနေ့လည်း နောက်ကျမှ ထဖြစ်ခဲ့သည်။ ဒီနေ့တော့ နေသာသည်။ သို့ပေမဲ့ သစ်ပင်တစ်ချို့မှာ ရေစင်အောင်တောင် မခါရသေး၊ မိုးက ဆောနူ နိုးမလာခင် ရွာထားသေးသည့် ပုံ။ မီးဖိုခန်းကို လာတော့ မနက်စာအတွက် ဂင်မ်ချီထမင်းကြော်က စားပွဲပေါ်မှာ အဆင်သင့်တင်ထားသည်။ အေးစက်ပြီး ဂင်မ်ချီကြောင့် တောင့်တင်းနေတဲ့ ထမင်းကို စားမိရင် သေချာပေါက် အစာမ‌ကြေဖြစ်မယ်ဆိုတာ သိပေမဲ့ အမေ့ကို အားနာတာကြောင့်ရော ထွေထွေထူးထူး ပြန်မပြောဖြစ်ခဲ့။

"ထမင်းအပူနဲ့ ရောစားလိုက်ရင် အဆင်ပြေသွားမှာပါ"

ဟင်းအိုးအချို့ကို ရှာဖွေဖွင့်ကြည့်တော့ ပဲပြားချဉ်ဟင်းတစ်ခုကိုသာ တွေ့သည်မို့ သက်ပြင်းချလိုက်သည်။ အိမ်ရှေ့က အမေ့ကို လှမ်းကြည့်မိတော့ ထုံးစံအတိုင်း ဒီနေ့လည်း စက်ချုပ်နေသည်။ အိုးအဖုံးကိုပြန်ပိတ်လိုက်ပြီး အေးစက်နေတဲ့ထမင်းကြော်ကို ထမင်းအပူနဲ့ရောစားရင်း မနက်စာနဲ့ နေ့လည်စာကို ဖြေရှင်းလိုက်သည်။

"အိုမား.. အာပါးရော?" ပန်းကန်ဆေးပြီး အိမ်ရှေ့ထွက်လာတဲ့ ဆောနူက ရေစိုနေတဲ့လက်တွေကို ဘောင်းဘီမှာပဲ ခပ်မြန်မြန်သုတ်လိုက်သည်။

"ထုံးစံအတိုင်း နင့်အဘွားခြံ" ‌
ဆောနူတို့ မိသားစုက အရမ်းကြီးတော့ ပြေလည်တဲ့အထဲက မဟုတ်။ ဆွေမျိုးတွေကတော့ ကျိကျိတက် ချမ်းသာပေမဲ့ အဖေက သူတို့သဘောမတူနဲ့ အမေနဲ့ ယူခဲ့တာမို့ ဆောနူတို့ကိုပါ အဖက်မလုပ်။ အဘွားရင်းဖြစ်သူမှာ ကျောင်းစရိတ်ကအစ တစ်ပြားတစ်ချပ်မှ မပေး။ ဆောနူတို့ မောင်နှမကလည်း အဖွားကို ထွေထွေထူးထူး ခံစားချက်ရှိတယ်လို့ မခံစားရ။ အမေက စက်ချုပ်ရင်း ဟိုလုပ်ဒီလုပ်နှင့် ရှာကျွေးပေမဲ့ အဖေကတော့ မိုးလင်းတာနှင့် အဘွားရဲ့ခြံကိုပဲ ရောက်နှင့်နေပြီဖြစ်သည်။ နေ့လည်ထမင်းစားချိန် နှင့် ညစာစားချိန်ပဲ ပြန်လာတတ်သည်။ ခြံထဲဆင်းရသမျှ အဖေ့အသုံးစရိတ်နဲ့တင် ကုန်သွားတတ်တာမို့ အစ်မ နှင့် အမေကသာ အိမ်အတွက်အသုံးစရိတ်နှင့် ဆောနူ ပညာသင်စရိတ်ကို ကုန်းရုန်းရှာရသည်။ ဒါကြောင့်လည်း သားလိမ္မာ ဆောနူက ပင်ပန်းတဲ့ အမေနဲ့ အစ်မကို ဘာမှတောင်းဆို ပူဆာလေ့မရှိ။

anagapesis [ sunki ]Kde žijí příběhy. Začni objevovat