chapter 5

906 156 13
                                    

Unicode

ဒီရက်ပိုင်းတွေမှာ နီခီ နဲ့ ဆောနူ စကားပြောတဲ့အချိန် ပိုစိပ်လာခဲ့သည်။ မနက်တိုင်း ဖုန်းဆက်နှိုးသည်၊ နိုးတိုင်းလည်း အမြဲ အပြန်အလှန် ဖုန်းထဲက အနမ်းတွေမျှဝေဖြစ်ကြသည်။ တစ်ရက်ထက်တစ်ရက် ၅မိနစ်စီ စောပြီးခေါ်လေ့ရှိတာမို့ နီခီကြောင့်နဲ့ ဆောနူတစ်ယောက် မနက်တိုင်းထရမှာကို မပျင်းရိတော့၊ မနက်ခင်းအနမ်းလေး ပေးရမယ့်အချိန်ကိုသာ စောင့်နေသည်မို့ စောစောထသည်က အကျင့်ဖြစ်လာသည်။ အိမ်ကအမေတောင် စောစောနိုးလို့ အံ့ဩရတဲ့အထိ။

နေ့တိုင်းညတိုင်း စကားတွေပြောကြသည်။ စကားပြောလိုက်တဲ့အချိန်တိုင်းမှာ နီခီက ယန်းဟီ အကြောင်းတွေ ထည့်ထည့်ပြောတတ်သည်။ နာမည်တော့ထည့်ပြောလေ့မရှိပေမဲ့ "သူ က လေ" ဆိုတဲ့ အသုံးအနှုန်းကို အမြဲ သုံးတတ်သည်။ မနက်တိုင်း ‌ညတိုင်းမှာ ဆောနူ အာဘွား လို့ ပြောပြီး အချိုကျွေးမယ်၊ ပြီးရင် သူ သဘောကျတဲ့ သူဆိုတဲ့ ယန်းဟီကို သဘောကျတဲ့ အကြောင်းတွေပြောပြီး လူကို နှိပ်စက်မယ်။ အနာပေးလိုက် ဆေးပေးလိုက် နဲ့ ပထမဆုံးဖြစ်တည်လာတဲ့ အချစ်ဇာတ်လမ်းလေးကတော့ ငိုလိုက် ရယ်လိုက် လေးပေါ့။ သို့တိုင်အောင် ဆောနူကတော့ နီခီ့ကို အပြစ်မြူမှုန်မျှ မမြင်အောင် ချစ်ပါသည်။ တစ်ခါတစ်လေမှာတော့ "အေးပေါ့ ယန်းဟီက လှတာပဲ၊ ချစ်ချင်စရာလေးပဲကို" လို့ ‌ဖြည့်တွေးတတ်သေးသည်။ ဒါပေမဲ့ နီခီကတော့ အလိုက်သိပုံမရ၊ သူ့ကိုချစ်နေတဲ့သူကိုမှ တခြားတစ်ယောက်ကို ချစ်ကြောင်းတွေကို တခမ်းတနား ပြောပြလေ့ရှိသည်။

သူ နဲ့ နေ့တိုင်းဖုန်းပြောဖြစ်ကြကြောင်း၊

ဖုန်းပြောတိုင်း သူ့ရယ်သံလေးတွေကို သိပ်ကိုမှ သဘောကျကြောင်း၊

ရူးလောက်အောင် သဘောကျကြောင်း၊

လက်ရှိအခြေအနေ အရ အဆင်ပြေနေပြီလို့ထင်ပေမဲ့ ဖွင့်ပြောလိုက်မိရင် သူ့ဘက်က စကားမပြောတော့မှာကို ကြောက်ကြောင်း၊

စသဖြင့် ဆောနူ ကို ရင်လာဖွင့်တတ်သည်။ ချစ်ရတဲ့သူဆီက ရင်ဖွင့်ခံရပါတယ် ဆိုပြီး ဆောနူကလည်း ကျေကျေနပ်နပ် အမြဲနားထောင်ပေးဖြစ်သည် အနည်းငယ်တော့ နာကျင်ရတယ်ဆိုပေမဲ့...။

anagapesis [ sunki ]Donde viven las historias. Descúbrelo ahora