chapter 13

760 132 26
                                    

Unicode

ဆောနူ တစ်ယောက် တစ်ညလုံးစိတ်ဆုံးဖြတ်ခဲ့ပြီးပြီ ဖြစ်သည်။
ချစ်ရသူဖောက်ဖျက်တဲ့ ကတိဟာ နှလုံးသားရဲ့အဝေးဆီကို တွန်းထုတ်ပစ်သလို အခုအခြေအနေမှာ သူဟာ နီခီ နဲ့ ဝေးကွာသွားသလိုပင်။
ရှေ့ဆက် ဒီထက်သာ ဆက်နာကျင်ရမယ်ဆိုရင် ဒီလောက်နာကျင်မှုလေးနဲ့တင် ရပ်ပစ်လိုက်ဖို့တန်သည်။ လူကြီးတွေပြောကြသလို 16 17မှာ တွေ့တဲ့အချစ်ဟာ မပေါင်းဖက်နိုင် ဆိုသလိုပဲ၊ ဆောနူအနေနဲ့ကတော့ ဒီမှာတင် ရပ်ပစ်လိုက်ဖို့ စိတ်ကူးထားပြီးပြီ ဖြစ်သည်။

သူဖုန်းကို စိုက်ကြည့်နေသည်၊ တစ်မနက်လုံး morning callမလာသေးသလို ညနေ 6 နာရီထိုးသည်အထိ messageတစ်စောင်မှ မလာ။
မနေ့က ကတိဖျက်မိလို့များ ရှောင်နေသည်လား မပြောတတ်ပေမဲ့
အနည်းဆုံးတော့ "ဘာကြောင့်" ဆိုတဲ့ အကြောင်းပြချက်ပေးဖို့ ကောင်းသည်။ တစ်နေကုန် စောင့်နေခဲ့ပေမဲ့ ခုထိမလာသေးတာဟာ သံသယဖြစ်ဖွယ်တစ်ခုလို့လည်း ဆောနူက ယူဆမိသည်။ သို့‌တိုင်အောင် မလာလည်း ဆောနူ ဘက်က စာ စ ပို့‌ဖို့တော့ ဆန္ဒမရှိ၊ ကတိဖျက်ခံထားရတဲ့သူက တောင်းပန်ခံရဖို့ မျှော်လင့်ခွင့်ရှိသည်လေ။

ရုတ်တရက် လင်းသွားတဲ့ screenကို ကြည့်လိုက်တော့ ရောက်လာတဲ့ စာတစ်စောင်။
ဆောနူ ခပ်မြန်မြန်ကောက်ဖွင့်ဖတ်လိုက်သည်။

"အချစ်"

ဟက်ခနဲ တစ်ချက်တော့ ဆောနူရယ်မိသွားသည်။

"အင်း"

"လွမ်းနေတာ တစ်နေကုန်...
အချစ်က ကိုကို့ ကို ဘာလို့ စကားလာမပြောတာတုန်း?"

ဆောနူက နှုတ်ခမ်းကို မဲ့လိုက်သည်။
နီခီက‌ တော့ အခုချိန်ထိ မသိချင်ယောင်ဆောင်နေဆဲ
ဆောနူ ဘာမှပြန်ပြောချင်စိတ် မရှိ၊ ကတိဖျက်ပြီး မသိချင်ယောင်ဆောင်နေတာက ဆွဲကုပ်ခြစ်ပစ်ချင်ရလောက်အောင် အူယားစရာ။

ဆက်လက်‌ ပြောနေတဲ့ အချိုအအီစကားတွေက ဆောနူအတွက်တော့ သကာရည်လောင်းထားတဲ့ မစင်လို ရွံစရာကောင်းလာသည်။
ဆက်တိုက်ဆက်တိုက် ရောက်လာတဲ့ စာကို ကြည့်ရင်းကြည့်ရင်း မျက်ခုံးတွေတွန့်ချိုးလာရသည်။
အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည်။
သူဆက်လက်သည်းမခံနိုင်တော့။

anagapesis [ sunki ]Where stories live. Discover now