chapter 9

1K 160 71
                                    

မျက်နှာသစ်ပြီး အခန်းထဲဝင်လာတာနဲ့ ကုတင်ပေါ်က ပြုံးပြုံးမိန့်မိန့်ကြီး အသင့်စောင့်နေသူကို မြင်တော့ ကျောပင်ချမ်းလာသလို။
ကံကလည်းဆိုးချင်တော့ ဖွင့်မပြောခင်က ငိုလိုက်ရတာနေ့တိုင်း၊ ကောင်းပြန်ချင်တော့လည်း ညနေမှာရည်းစားဖြစ်ပြီး အတူတူအိပ်ရာဝင်ရပြန်ဦးမည်။
ဖြစ်ပုံကလည်း သိပ်တော့မဆန်းကြယ်လှ။

တောင်ကုန်းဆီကနေပြန်လာခဲ့တဲ့အချိန်မှာ အတော်လေး မိုးချုပ်နေပြီဖြစ်သည်။ ဆောနူကို အဘွားအိမ်ရှေ့မှာ ချပေးတော့ ဆောနူက "ဆိုင်ကယ်ကိုသေချာမောင်းပြီးပြန်ဖို့" မှာတမ်းချွေနေစဉ်မှာပဲ မိုးချုပ်ပြီမို့ အိမ်မပြန်ဘူးဆိုပြီး ဆောနူအဘွားကိုခွင့်တောင်းပြီး တစ်ညတည်းခဲ့သည်။ ဆောနူကတော့ အဘွားရိပ်မိသွားမှာစိုးလို့ ‌ကြောက်ပြီး နှင်ပေမဲ့ ဂျပန်ကောင်လေးကတော့ အဘွားကို ဘယ်လိုများချုပ်လိုက်သည်မသိ၊ အဘွားကပင် "သူငယ်ချင်းကို မမြင်မစမ်းမှာ ညဘက်ပြန်ခိုင်းရလား" ဆိုပြီး ငေါက်လိုက်သေးသည်။
တော်တော့တော်ပါသေးတယ်၊ အဘွားက သူငယ်ချင်းလို့ ထင်သွားလို့။

အဘွားကလည်း သူငယ်ဂျင်း နှစ်ယောက်ကို အရောက်ပို့သည်။
အခန်းပိုမရှိလို့ တစ်ခန်းတည်းအတူတူအိပ်လိုက်ပါတဲ့
ပြီးတော့ ပြောပါသေးတယ် ရီခီက သူသိတဲ့ တစ်ဦးတည်းသော ဆောနူရဲ့သူငယ်ချင်းပါတဲ့။ တစ်ညမဟုတ်၊ ဆောနူရှိနေသ၍ လာလို့ရကြောင်း ဆောနူမရှိရင်လည်း လာလို့ဖြစ်ကြောင်းနဲ့ အဘွားဖြစ်သူမှာ မြေးအရင်းထက်ပင် ရီခီကို ပိုခင်တွယ်နေသည်။

ညနေက ငွေရောင်ဆံပင်တွေကို လှန်သထားတဲ့သူက အခုမှာတော့ ခေါင်းလျှော်ထားတာမို့ ဆံပင်တွေက မျက်လုံးတစ်ဝိုက်ဆီ ခပ်ဝဲဝဲကျနေသည်။ ဆောနူရဲ့အဝတ်အစားတစ်ချို့ကို ဝတ်ထားတာလည်း ကပိုကရိုနိုင်လှပေမဲ့ ဒါလေးကပဲ ရင်ဖိုချင်စရာလို။

"လာလေ အိပ်မယ်"

တကယ်တမ်း အိပ်ရမည်ဆိုတော့ ဆောနူရင်တုန်မိသည်။ မအိပ်ချင်တာတော့မဟုတ်ပေမဲ့ လက်ရဲဇက်ရဲ ရီခီ့ကို နည်းနည်းတော့ ကြောက်သလို။ ဖြည်းဖြည်းချင်း ကုတင်ဆီကို သွားတော့ ထိုင်နေလက်စကနေ ခါးတွေဆီ အလိုက်သင့်ဖက်လာတဲ့ ကောင်လေးကြောင့် ငြိမ်နေလိုက်သည်။ ထို့နောက် ရင်ဘတ်ဆီ မီတည် လာတဲ့ ခေါင်းကလေး။ ဆောနူကတော့ ငွေရောင်ဆံပင် ပျော့ပျော့တွေကို ဆော့ကစားနေပြီး mintခေါင်းလျှော်ရည်နံ့ သင်းသင်းကို ရှူရှိုက်မိသည်။

anagapesis [ sunki ]Where stories live. Discover now