chapter 12

966 149 32
                                    

Unicode

အစ်မဖြစ်သူစားထားတဲ့ ထမင်းပန်းကန်ကို ဆေးပေးပြီးနောက် အပေါ်ထပ်သို့တက်လာခဲ့သည်။ ပါးစပ်မှာ ကွတ်ကီးတစ်ခုကို ဝါးရင်း လောလောလတ်လတ် ပန်းကန်‌ ဆေးရင်း ရေစိုထားတဲ့လက်ကို ဘောင်းဘီမှာ ခပ်မြန်မြန်သုတ်လိုက်သည်။

အခန်းထဲဝင်လာတာနဲ့ မျက်နှာကို တည့်တည့်ဖြတ်တိုက်လိုက်တဲ့ လေအေးကြောင့် မိုးလာပြီဆိုတာတော့ အတတ်သိလိုက်သည်။ လေအဝှေ့နဲ့အတူ လူးလွန့်နေတဲ့ ခန်းစီးက ဆောနူရဲ့မျက်နှာဆီ လွင့်လွင့်လွင့်လွင့်။ ဝရန်တာဆီ ထွက်လာခဲ့တော့ အနောက်ဘက်ကနေ တရိပ်ရိပ်တက်လာတဲ့ မိုးသားတွေနဲ့အတူ မြေသင်းနံ့ ခပ်ဖျော့ဖျော့က နှာခေါင်းဆီလာရောက် ပွတ်သပ်နေသည်။ လောကတစ်ခွင် တိတ်ဆိတ်ပြီး မိုးသားလိတ်တို့ အူလာတဲ့အချိန်ဟာ ဆောနူ သဘောအကျဆုံးအချိန်၊ ဒီအချိန်မှာ မိုးနံ့နဲ့မြေနံ့ကို ခံစားရင်းပင် တစ်လောကလုံးကို မေ့ထားနိုင်သည်။ ကွက်ကီးကို မျိုချလိုက်ပြီးနောက် မြေသင်းနံ့သင်းသင်းကိုလည်း တစ်ဝကြီး ရှူရှိုက်လိုက်သည်။

"မရွာတာကြာပြီကို ဒီနေ့မှပဲ ပြန်ရွာတော့မှာပဲ"

တိုးတိုးလေးရွတ်လိုက်တဲ့အချိန်မှာပဲ မိုးပေါက်လေးတွေက ရေစင်ရေမွှားအသွင်ဖြင့် သက်ဆင်းနေပြီဖြစ်သည်။

ရုတ်တရက် ဖုန်းသံလိုလို နားထဲကြားလိုက်ရတာမို့ ကုတင်ဘေးက စားပွဲဆီလာ‌ခဲ့တော့ လောလောလတ်လတ် ခေါ်ထားတဲ့ဖုန်းဟာ မကိုင်ရသေးခင်မှာပဲ ကျသွားပြီဖြစ်သည်။ ဒါသည် တတိယမြောက် ဖုန်းကော၊ ခေါ်ဆိုသူက သူ့ ချစ်သူ။

ဖုန်းပြန်ခေါ်ဖို့လုပ်လိုက်တဲ့အချိန်မှာပဲ တဖန် ထပ်မံဝင်လာတဲ့ ဖုန်းကြောင့် ဒီတစ်ခါတော့ ဆောနူ ကိုင်လိုက်သည်။

"ဟယ်လို ရီ-"

"ဘာကိစ္စ ဘာကိစ္စ ဖုန်းကို ချက်ချင်း မကိုင်တာလဲလို့ ဂင်ဆောနူ"

ပြောလက်စ ဟယ်လို ဟာ မထင်မှတ်ထားတဲ့ စကားနှင့် ဖြတ်တောက်ခံလိုက်ရသည်။ သူ့အသံမှာ စိတ်ရှုပ်မှုနဲ့ ဒေါသတွေ အတိုင်းသားပါနေသည်၊ သူဆောနူကို အဲ့လိုလေသံနဲ့ တစ်ခါမှ မပြောဖူး။ အမေဆူရင်တောင် ပြုံးပြုံးပြုံးပြုံး နေတတ်တယ်ဆိုတဲ့ သူ့ လူက သူ့ကို ဒီလိုငေါက်တာ ပထမဆုံးအကြိမ်။

anagapesis [ sunki ]Where stories live. Discover now