chapter 15

1.6K 145 106
                                    

Unicode

အစ်မဖြစ်သူလည်း သက်သာစပြုလာပြီမို့ ဆောနူအတွက် အလုပ်က ပါးလာသည်။ ခါတိုင်းလို ထမင်းထည့်ပေးတာကအစ ‌အသေးစိတ်လုပ်ပေးစရာမလိုတော့တာမို့ သက်သာသော်လည်း အစ်မအခုထိ အလုပ်လုပ်နိုင်စွမ်းမရှိသေးတာမို့ စားဝတ်နေရေးက မကျပ်တည်းလှသော်လည်း မချောင်လည်လှ။ အမေဖြစ်သူကတော့ အလုပ်များတာမို့ ဆောနူတို့ မောင်နှမနှင့်ပင် တစ်နေ့တစ်ခွန်း စကားပြောဖို့ မအားမလပ်ဖြစ်နေသည်။ အဖေရသည့် ဝင်ငွေက နှစ်ပဲတစ်ပြား မို့ အဖေ့အသုံးစရိတ်နှင့်သာ ကုန်သည်၊ ဒါကို သိသည့်အမေကလည်း အဖေ့ကို ပြောမနေတော့ဘဲ ကိုယ်တိုင်သာ အလုပ်ထွက်လုပ်သည်။ ပြောတိုင်းလည်း ကတောက်ကဆ များသည်မို့ ။

ဆောနူက မနက်ပိုင်းတွေ စောစောထဖြစ်လာသည်၊ ဖုန်းဆက်နှိုးနေကျသူက ဖုန်းမဆက်တော့ပေမဲ့ သူ့အတွက်တော့ အကျင့်ပါနှင့်ခဲ့ပြီးသားဖြစ်သည်။ သူတို့ ဆက်ဆံရေးက အခုရက်ပိုင်း အဆင်ပြေလာသည်၊ ဖုန်းခဏခဏ ဆက်ပြီး အလွမ်းသယ်ကြတာမျိုးမဟုတ်တော့‌ပေမဲ့ အေးစက်သွားတာမျိုးတော့ မဟုတ်။ အချင်းချင်း နားလည်ပေး‌ပြီး ကတောက်ကဆ နည်းတဲ့ ဆက်ဆံရေးမျိုးဖြစ်သည်။ အရင်လို အချိန်ပြည့်စကား မပြောဖြစ်သော်လည်း တစ်နေ့တစ်ခေါက်တော့ ဖုန်းဆက်ဖြစ်အောင်ဖြစ်သည်။

ခုရက်ပိုင်းတွေမှာ နီခီ့ဘက်က‌ ဆောနူကို ပိုပွင့်လင်းလာသည်။ အရင်ကဆို ဆောနူအကြောင်းတွေသာ နားထောင်တတ်ပြီး သူ့အကြောင်းတွေမပြောပြဖြစ်။ ခုနောက်ပိုင်းတွေမှာတော့ သူ့အကြောင်းတွေ၊ ကျောင်းတုန်းက အမှတ်တရတွေ၊ ဆောနူကို စတွေ့တုန်းက အကြောင်းအရာတွေကို ဖောဖောသီသီ ပြောပြလာသည်။

ညစာစားပြီးတာနဲ့ ဆောနူက ပန်းကန်တွေဆေးပြီး အထက်သို့ တက်လာခဲ့သည်။ မိုးအုံ့နေတာနှင့်အမျှ လေကလည်းတဖြူးဖြူး မို့ ဝရန်တာ တံခါးကို ဖွင့်ထားလိုက်သည်။ အုံ့မှိုင်းနေသော်ငြား မိုး ရွာမဲ့အလားအလာတော့ မမြင်။

ဆောနူ ဖုန်းကို ဖွင့်လိုက်တော့ စာတသီကြီး ဝင်ထားနှင့်ပြီမို့ ဝမ်းပမ်းတသာ ပြုံးမိလိုက်သည်။ ကိုယ်မရှိတဲ့အချိန် ပို့ထားတဲ့စာကို ဖတ်ရတဲ့ကျေနပ်မှု ခံစားချက်က ဒီလိုပါလားဆိုတာကို ဆောနူတစ်ချိန်တည်းသဘောပေါက်လိုက်သည်။

anagapesis [ sunki ]Where stories live. Discover now