chapter 7

865 166 32
                                    

Unicode

မှောက်လျက်နေရင်း ဖုန်းကိုဖွင့်လိုက်ရင်း တစ်ခေါက်ပြန်ပြီး ရီခီတင်ထားတဲ့ story ကို ကြည့်လိုက်သည်။

"ဖွင့်ပြောလိုက်ရင် ဝေးသွားမှာလား"

ထိုစာသားကို ၃ ၄ခေါက်လောက် ထပ်ခါထပ်ခါဖတ်လိုက်သည်။
ကြည့်ရသလောက် ရီခီက ယန်းဟီ ကို ဖွင့်မပြောရသေးတာ သေချာသည်။
အကယ်၍ ဖွင့်ပြောလိုက်တဲ့အခါ ယန်းဟီ က လက်ခံလိုက်ရင်ရော?

"ဆောနူရေ အောက်ကို ခဏဆင်းခဲ့ပါအုံး"

အောက်ထပ်က အမေ့အသံကြားတာမို့ အတွေးစတွေ ဖြတ်ပြီး အောက်ထပ်ဆီဦးတည်ခဲ့သည်။ ရင်ဘတ်အောင့်တိုင်း မှောက်အိပ်တဲ့နည်းက တော်တော်လေး အထောက်အကူဖြစ်စေပါသည်။ ဒီနေ့လည်း ဆေးမလိုခဲ့ပါ။

"မုန့်လာပို့တာ" ရောက်နှင့်နေတဲ့သူက လက်ထဲက ဘူးကိုမြှောက်ပြပြီး ဆောနူကို အကြည်လင်ဆုံးပြုံးပြလာသည်။ သို့ပေမယ့် ဆောနူ စိတ်ထဲတော့ မကြည်လင်ပါ။

ဝရံတာမှာ စကားစမြည်ပြောကြရင်း ဆောနူက တစ်ခုခုကို သတိရသွားပုံ။

"ယား!! ဘဲ့ယန်းဟီ! ခရီးသွားပြီးပြန်လာရင် လက်ဆောင်ဝယ်လာမယ်ဆို ဘယ်မှာလဲ" ခပ်စွာစွာအော်လိုက်တော့ ယန်းဟီက မျက်လုံးကို မှိတ်သည်အထိ ရယ်မောလာသည်။ ဒီကောင်မလေးက တကယ်ကိုဖြူစင်ပါသည်၊ ဆောနူအတွက်လည်း အမြဲသတိတရရှိပေးတတ်သည်။ ဆောနူအပေါ်လည်း တကယ်ကောင်းပါသည်၊ ဒါပေမယ့် ယန်းဟီနဲ့ပတ်သက်ရင် ဆောနူစိတ်ထဲ အလိုမကျမှုတွေ ဖြစ်နေရသည်။ ဒီလို‌တွေ ဖြစ်‌နေတာကိုလည်း ကိုယ့်ကိုယ်ကိုယ် စိတ်မလုံ။

"ပါ ပါတယ်ဟ နင်ကလည်း အောက်မှာ အန်တီ့ကိုပေးခဲ့တယ်"

ဟိုဟိုဒီဒီ လျှောက်ပြောနေကြသော်လည်း မတင်မကျ ဖြစ်နေတဲ့အရာတစ်ခုက ဆောနူ အတွေးတွေထဲဖြတ်ပြေးနေသည်။ သေချာပေါက် သိရမှကို ဖြစ်မှာမို့ စကားစလိုက်သည်။

"ဟို... နင်သိတယ်မလား"

"ဘာကိုလဲ?"

"နီရှီမူရာ ရီခီလေ... နမ်ဂန်း ယောက်ျားလေးကျောင်းက"

"သိတယ်လေ ယန်းဂျောင်းဝန်းရဲ့ ရည်းစားဟောင်း?"

ပါလာပြန်ပြီ အဲ့တစ်ယောက်နာမည်က
ဆောနူကတော့ ရီခီနဲ့ပတ်သက်သမျှ လူတွေအကုန်လုံးကို ဘဝင်မကျပါ
တစ်ချိန်က အားကျခဲ့ပါတယ်ဆိုတဲ့ ယန်းဂျောင်းဝန်းကိုပါ ရီခီ့ နာမည်ပါတာနဲ့တင် အမြင်ကပ်လာသလို ခံစားရသည်။

anagapesis [ sunki ]Where stories live. Discover now