Me & He - 21

1K 158 43
                                    

( အရင်အပိုင်းမှာ အကုန်လုံး ရှုပ်ကုန်ကြတာ
မြင်တော့ မပြောပြတတ်လောက်တဲ့အထိ
အားနာမိပါတယ်

Ep 21 က 19 ရဲ့ အဆက်ဖြစ်ပြီး 20 ကတော့
လက်ရှိပစ္စပ္ပုန်ပါနော်
အဲ့တာဆိုရင်တော့ ရှင်းလောက်ပြီထင်ပါတယ် )

Flash Back >>>

အခန်းထဲမှာ Hoseok မထွက်သွားခင်လေးနောက်ဆုံးအနေနဲ့ ချန်ထားပေးခဲ့တဲ့ စာကို ဘယ်နှခေါက်မှန်းမသိဖတ်ပြီး ငိုကြွေးပြီးတဲ့နောက်
မယုံကြည်နိုင်စွာ ဖြင့် လားရာမရှိတဲ့ နေရာကို
သာ တွေတွေကြီးငေးကြည့်ရင်း Taehyung
တစ်ယောက် စိတ်တွေဂ‌ယောင်ချောက်ချားဖြစ်လာမိသည်

"မဖြစ်နိုင်တာ .... Hoseok ကလေ
ငါ့ကို တကယ်လက်လွှတ်တော့မှာတဲ့လား ဟက် !
ပြောတော့ဖြင့် သိပ်ချစ်လှပါပြီတဲ့ဆို
မယုံဘူး လုံး၀မယုံဘူး !!!!"

ဒေါသထွက်တာထက် ပေါက်ကွဲနေတယ်လို့
ပြောရင်ပိုမှန်မယ်
ခန္ဓာကိုယ်တစ်ခုလုံး သူ့ရဲ့စာတစ်စောင်ကြောင့်
အစိတ်စိတ်အမွှာမွှာကျိုးပဲ့သွားသလိုမျိုး
ခံစားချက်တွေက ဒဏ်ရာဗလပွ နဲ့ ကုန်းကောက်လို့မရလောက်သည်အထိ အစိတ်စိတ်အမွှာမွှာ
ကြေမွသွားသလိုမျိုး
ဘယ်တော့မှ ထင်မထားတဲ့ ကိစ္စက နောက်ဆုံးတော့ဖြစ်လာခဲ့ပြီလေ

အရူးတစ်ယောက်လို အော်ဟစ်ရင်း
ကားသော့ ဆွဲပြီး Hoseok အိမ်ကိုသာ ဦးတည်မောင်းနှင်လိုက်သည်

မေမေ က ကျတော့်ရဲ့ စိတ်ကို သိသူမို့ တားသည်
ခြေလွန်လက်လွန်ဖြစ်မည်ဆိုး၍
တကယ်တမ်း နှစ်ယောက်သားထိတ်တိုက်
တွေ့ချိန် ကျတော့်စိတ်တွေက်ို မထိန်းချုပ်နိုင်မှန်းသိ၍ မသွားဖို့ အကြိမ်ကြိမ်အခါခါ တားခဲ့သော်လည်း ထိုစကားတွေက နားထဲကိုလုံး၀ရောက်မလာတော့

တကယ်တော့ အဲ့ကတည်း က ကျတော်
မေမေ့စကားကို နားထောင်ခဲ့သင့်တာ
အကြီးအကျယ်မှားယွင်းတော့မယ့်
ခြေလှမ်းတွေကို အဲ့ဒီနေရာမှာတင်ရပ်တန့်
ပစ်ခဲ့သင့်တာ

အိမ်မှာ ငိုရင်း ကျန်နေခဲ့တဲ့ မိခင်ဖြစ်သူတစ်ယောက်လုံးကိုလည်း မမြင်ချင်ယောင်
ဆောင်ပြီး သူ့ဆီ သွားဖို့ ပဲ အားသန်နေခဲ့တာ

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now