Fic Symbiosis & Author's Note

1.1K 128 38
                                    

ဒီစာလေးကို သေချာဖတ်ပေးကြဖို့ မျှော်လင့်ပါတယ်ပေါ့

အမှန်တော့ ဇာတ်သိမ်းက Open Ending
ဆိုပေမယ့်လည်း Positive ဘက်ကို 80% လောက် ဉီးတည်နေတာဆိုတာ သိသာပါတယ်နော်
စာပိုဒ်ထဲမှာပြောခဲ့တဲ့ အဓိပ္ပာယ်လိုပဲအက်ကြောင်းရာရှိတဲ့ အရာနှစ်ခုကို ပြန်ဆက်ဖို့စိတ်ကူးရှိမယ်ဆိုရင်တောင် ကော်တို့ပြီး ရော့အင့်ဆိုကပ်လိုက်လို့မှ မရတာ
အဲ့ဒီအတွက်လည်း ပျက်စီးသွားတဲ့ အပိုင်းနှစ်ခုက ကော်ကြောင့် ပြန်ဆက်သွားဖို့ဆိုတာလည်းအချိန်တစ်ခုယူရ‌သေးတယ် မဟုတ်လား

ဇာတ်လမ်းတစ်ပုဒ်လုံးမှာ နှစ်ယောက်လုံးဟာ
နာကျင်မှုကိုယ်စီ နဲ့ ဆုံးရှူံးမှုတွေ ရင်၀ယ်ပိုက်လို့ပေါ့
အခုအခြေအနေနဲ့ ယှဉ်မယ်ဆို အဲ့ဒီအချိန်တုန်းက တစ်ဇွတ်ထိုးဆန်လို့ကောင်း အရွဲ့တိုက်လို့
ကောင်းတဲ့ အချိန်မလို့ နှစ်ယောက်သားဟာ
အဆင်ပြေဖို့ကို ညှိယူလို့မရပဲ ပိုပြီးဆိုးရွားလာပါတော့တယ်

Hoseok ဘက်ကလျော့ပေးခဲ့ပေမယ့်လည်း
Taehyung ဟာ တစ်ဇွတ်ထိုးဆန်ခဲ့တယ်
Taehyung ပြန်တောင်းပန်တဲ့ အချိန်မှာတော့
Hoseok က စိတ်ကုန်စပြုလာတယ်

ကံကြမ္မာက သူတို့ကိုမျက်နှာသာမပေးခဲ့တာလည်းပါတာပေါ့
အဲ့ဒီအချိန်မှာ Taehyung က
Hoseok ဘေးကနေ အပြီးထွက်သွားဖို့
ဆုံးဖြတ်ခဲ့တာပါ သူထပ်ပြီး အမှားတွေလုပ်မိနေမှာစိုးလို့ဆိုပြီး
တကယ်တော့ Hoseok အတိတ်မမေ့တာ
သူသိခဲ့တယ်ဆိုပေမယ့် မသိချင်ယောင်
ဆောင်ပြီးသူထွက်သွားပေးခဲ့တယ်
Hoseok က သူမရှိရင် ပိုပြီးအဆင်ပြေလာ
မယ်ဆိုတဲ့ အတွေးကြောင့်ပေါ့
သူလည်း တစ်မျိုးတစ်ဖုံရင့်ကျက်လာတဲ့
Character တစ်‌‌ယောက်အသွင်ကို
ပြောင်းလဲလာခဲ့တာပါ

အဲ့ဒီလိုပဲ Hoseok ကလည်း အတိတ်မမေ့ပဲ
ဘာလို့ အတိတ်မေ့ချင်ယောင်ဆောင်ရတာလဲ
ဆိုတဲ့ အကြောင်းအရင်းကို သူတစ်ယောက်တည်းသာသိပါတယ်
ဘယ်သူ့ကိုမှလည်းအသိမပေးဘူးဆိုတာ
အဲ့ဒါကြောင့်ပါ
သူ့မှာလည်း နာကျင်စရာတွေနဲ့မလို့ Taehyung ကို ထပ်ပြီးမချစ်မိတော့အောင် သူ့ကိုယ်သူထိန်းချုပ်လိုက်တယ်ဆိုတဲ့ သဘောပေါ့
အများ အမြင်မှာတော့ သူအရာအာလုံးမေ့သွားပြီ သူအဆင်ပြေသွားပြီပေါ့

🎉 You've finished reading 𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE ) 🎉
𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now