Me & He-10

1.2K 199 65
                                    

ကျောင်းရောက်ကတည်းက ကျတော့်နောက်မှာ
သိသိသာသာကော မသိမသာကော လိုက်လာနေတဲ့
ဂျီဆူရီကြောင့် အလွန့်ပင် စိတ်ညစ်မိသည်

ကျစ်! ပြောစရာရှိလည်း တိုက်ရိုက်လာပြောတာမဟုတ်ဘူး
အဲ့ဒီလို နောက်ယောင်ခံလိုက်လာတာလောက်
မုန်းတာမရှိဘူး

ကျတော့်စိတ်ထဲကနေ ရေရွတ်ပြောလိုက်တာကို
ကြီးတော်လေးကကြားသွားသည်ထင်၏
ချက်ချင်းပင် ကျတော့်ရှေ့သို့ ရောက်လာကာ
ပိတ်ရပ်လိုက်သည်

"ဟင်း....."

"ဟို...ဟိုလေ....ညမ အကိုထယ်ယောင်း ကို..."

ကျတော်လည်း တတ်နိုင်သမျှစိတ်ကို လျော့ထားလိုက်ပြီး

"ရပါတယ် ပြောစရာရှိသာတာပြောပါ
ကျတော့်ကို အားနာနေစရာမလိုပါဘူး"

"ဟုတ်ကဲ့.... အကို ကျမကို မှတ်မိလားမသိဘူး"

"အင်း... နည်းနည်းတော့ မှတ်မိသလိုပါပဲ"

"မရှက်တမ်း၀န်ခံရရင် ညမ က ပထမနှစ်တုန်းက
အကို့ ကို ဖွင့်ပြောခဲ့တဲ့ ဂျီဆူရီ ပါ"

"အော်....ဟုတ်ကဲ့ ကျဝောာ် မှတ်မိပြီ"

"ဟို... ညမ ပေးတဲ့ လက်ဆောင်တွေရလား"

"ဗျာ....လက်ဆောင်တွေ"

"ဟုတ်...ဟုတ်တယ်‌လေ "

"အဲ့တာ ဟိုဆော့ ကိုပေးတာမဟုတ်ဘူးလား"

"ရှင်....ဟိုဆော့ ဆိုတာ ဘယ်သူလဲ"

"ဟင်...ဒါဆို တစ်ခုခုတော့ လွဲနေပြီနော်"

"ညမပဲ အားလုံးကိုရှင်းပြပါမယ်
အကို့ကို လက်ဆောင်တွေအများကြီးပေးချင်
ပေမယ့် ညမဆိုတာ သိသာမှာစိုးလို့ အဲ့ဒီနေ့က
သူငယ်ချင်းတစ်ယောက်ကို အကို့ ထိုင်ခုံပေါ်မှာ လက်ဆောင်တွေ ချထားပေးဖို့ အကူအညီတောင်းခဲ့တာပါ"

"ဒါပေမယ့် အဲ့တာ....ဟိုဆော့ စားပွဲပေါ်မှာရောက်နေခဲ့တာ..."

"ရှင်....တကယ်လား"

"ဟုတ်...ဟုတ်တယ်ဗျ"

"အဲ့တာဆို သွားပါပြီ ညမ သူငယ်ချင်းက ခုံမှားပြီး
လက်ဆောင်တွေကိုထားခဲ့တာထင်တယ်"

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now