Me & He-3

1.4K 219 62
                                    

//Edited Version//

-Unicode-

ကျတော် မနေ့ က ဘိုဆွန်း ဆိုတဲ့ အတန်းဖော်တစ်ယောက် နဲ့
လောင်းကစားတစ်ခုလုပ်ခဲ့တယ်

အဲ့တာကတော့ ကျတော်တို့ အတန်းထဲက
စာလဲတော် မာနလဲကြီး အတန်းထဲတစ်ယောက်နဲ့မှလည်းစကားပြောလေ့မရှ်ိ  Social သိပ်ပြီး
မကောင်းပဲ အမြဲတမ်းလိုလို တစ်ယောက်တည်း သီးသန့်နေတတ်တဲ့  ချွဲဆိုယောင်း ဆိုတဲ့ ကောင်မလေး ကို ရအောင် လိုက်ခိုင်းတာပါပဲ

အကယ်၍ ကျတော်သာ ဆိုယောင်း ကို ရအောင် အဖြေတောင်းနိုင်မယ်ဆိုရင် ကျတော်ကြိုက်တာ တောင်းဆိုလို့ရတယ်တဲ့(အရမ်းတော့ သူတို့အနေနဲ့ သိပ်ပြီး ဈေးကြီးတာတွေတော့ မပါဘူးပေါ့နော်တဲ့)

ဒါပေမယ့် အဲ့ဒီကောင်က ကျတော် ဆိုယောင်းဆီက အဖြေမရခဲ့ရင်တော့ Won 10000 ပေးရမယ်တဲ့လေ (သူ့ဘက်ကျတော့ ဈေးကတောင်းတတ်သား)

အစကတော့ ကျတော် ဒီကိစ္စကို မလုပ်ဖို့ပါပဲ
ဘာလို့လည်းဆိုတော့ ကျတော် က အစကတည်း က မိန်းကလေးကိစ္စအရှုပ်အရှင်း တစ်ခါမှ
မရှိဖူးခဲ့တဲ့ သူမလို့လေ

တခြားကိစ္စတွေသာ ကျတော် အကုန်နီးပါးလုပ်ဖူးမယ် ဒီလိုမျိုး ကိစ္စတွေကိုတော့ ဇယားရှုပ်မှန်းသိလို့ကို အစကတည်းကတစ်ခါမှမလုပ်ခဲ့တာပါ

အဲ့တာကြောင့် ကျတော် ငြင်းခဲ့ပေမယ့် ဘိုဆွန်းဟာ ဒီကိစ္စကို ကျတော်ငြင်းရင် ကျတော့်အစာ
ဟိုဆော့ကို လုပ်ခိုင်းဖို့ကြံနေခဲ့တယ်

ဒါပေမယ့် ကျတော့်စိတ်ထဲက ဘာဖြစ်မှန်းမသိ
အဲ့တာကို လက်မခံချင်သလိုလို
ဒီကိစ္စကို ဟိုဆော့လုပ်လို့ မဖြစ်ဖူးဆိုတာသိနေ
သလိုလိုမျိုး
ဘယ်လိုပြောရမလဲဗျာ  ဟိုဆော့ ကို  ဒီကိစ္စ
မလုပ်စေချင်ဘူး

အဲ့တော့ ဘိုဆွန်း က ဘယ်လိုမေးလဲသိလား

"ဟိုဆော့ရှုံးမှာသိနေလို့လားတဲ့"

မဟုတ်ပါဘူး....

သူဆက်ပြီးမေးတယ်

"ဟိုဆော့ နိုင်မှာစိုးလို့လားတဲ့"

တကယ်တော့ အဲ့ဒီအဖြေကို ကျတော်ကိုယ်တိုင်လည်း မသိဘူး
တကယ်ပဲ ဘိုဆွန်းပြောတဲ့ မေးခွန်းရဲ့ နောက်ဆက်တွဲ အဓိပ္ပာယ်အတိုင်း ဟိုဆော့ နိုင်သွားပြီး ဆိုယောင်းနဲ့ ရည်းစားတွေဖြစ်သွားမှာကို ကျတော်ဟာ တကယ်ပဲစိုးရိမ်သွားလို့လား

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now