Me & He-2

1.6K 223 79
                                    

// Edited Version //

- Unicode -

တကယ်တော့ မနေ့က ကျတော် နဲ့ ဂျောင်ကု
မထင်မှတ်ပဲ ‌ Club ကို ရောက်သွားပုံက ဒီလို
ဗျာ

ကျောင်းဆင်းရင် အတူတူပြန်လေ့ရှိသည့်
ချစ်လှစွာသော သူငယ်ချင်းလေးသည်
ယနေ့မှ ကျတော် မသိအောင် မလှိမ့်တစ်ပတ်ရိုက်ပြီး အတန်းလစ်လေသလား

"ဂျောင်ကု မင်း ထယ်ယောင်း ကိုတွေ့မိသေးလား"

"ဟင့်အင်း ဟိုဆော့"

"အဲ့ကောင် စာကြည့်တိုက်သွားမယ်ဆိုပြီး
ငါသွားကြည့်တော့ မတွေ့ခဲ့ဘူးလေ"

"ဟုတ်လား ဂျီမင်းလည်းပျောက်နေတာ"

"ငါ ထင်သားပဲ အဲ့ကောင် စာကြည့်တိုက်ကို အကြောင်းပြပြီး တစ်နေရာရာကိုလစ်ထွက်သွားတယ်ဆိုတာ"

နှစ်ယောက်သား မျက်နှာချင်းဆိုင်လိုက်ကြတာ
လက်ဖျောက်တစ်ချက်တီးရင်း ခါးထောက်ကာ
""တောက်"" ပါခေါက်မိ၏

"အဲ့တာဆို ဘယ်လိုလုပ်ကြမလဲ ဂျီမင်း ပါလိုက်သွားတယ်ထင်တယ်"

"ခဏနေအုံး သူတို့သွားမယ့်နေရာကို ငါသိနေသလိုပဲ သူတို့နှစ်ယောက်တည်းဆိုရင်တော့ တစ်ခါမှမရောက်ဘူးတဲ့နေရာ‌‌တွေတော့မသွားလောက်ဘူးထင်တယ်"

"အေး အဲ့တာဆို မင်းသွားမယ့်နေရာကို
ငါလည်းတစ်ခါတည်းလိုက်မယ်"

အဲ့တာနဲ့ ထင်တဲ့အတိုင်း မလွဲမသွေ
အဲ့နှစ်ကောင်ကို သွားနေကျ Club မှာတွေ့ရတော့တာပါပဲ

"ဟက်!အခုမှ ဘယ်သွားကြမလို့လဲ"

"ဂျောင်...ဂျောင်ကု"

"အတန်း နောက်ဆုံးချိန်ကို လစ်ပြီးတော့တောင်
စာကြည့်တိုက်သွားမယ်ဆိုတဲ့ ကောင်လေးကလည်း Club ကို လမ်းမှားရောက်လာတဲ့ပုံပဲ"

"အာ.....အဲ့တာ....ဟို..ဟိုဆော့"

ဂျောင်ကု က ဂျီမင်း နဲ့ ပတ်သတ်ရင်
အချစ်ကြီးသူမလို့ နည်းနည်းမှ အတိမ်းအစောင်းမခံ လွန်စွာလည်း သည်းသည်းလှုပ်တတ်သူမလို့
ဒါတောင် တစ်ခါတစ်လေ ဒီကောင်က ဂျီမင်းနဲ့ ပတ်သတ်ပြီး မဆိုင်သူတွေနဲ့ပါ သ၀န်တိုတတ်သေးတာ ဒါကြောင့်
တစ်ခါတစ်လေ ကျတော်တို့ပါ အမြင်ကပ်ရ
လောက်သည်အထိ

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now