Me & He-4

1.2K 204 48
                                    

//Edited Version//

-Unicode-

ယနေ့ဆိုလျှင် ကင်ထယ်ယောင်းတစ်ယောက်
ကျတော့် အိမ်မှာ သောင်တင်နေသည်မှာ
အင်း....သောကြာနေ့ ညနေကရောက်လာတယ်
အခု တနင်္ဂ‌နွေနေ့ ညရောက်နေပြီ

ကဲထားလိုက်ပါတော့ ဒါဆို နှစ်ရက်ရှိပြီပေါ့
Oh my God နှစ်ရက်ကြီးများတောင် !!!!

သို့သော် ဒင်းလေးက သူများအိမ်လာနေတယ်ဆိုသော်ငြား အားနာသည့်ပုံစံမပေါက်သည့်အပြင်
သူ့အိမ်မှာထက် ကျတော့်အိမ်မှာတောင်ပို၍ ဇိမ်ကျနေသည်လားဟု ထင်မှတ်ရသည်

အခုတောင် တီဗီရှေ့ထိုင်ကာ ဇာတ်လမ်းတွဲကြည့်နေရင်း မားမားအိပ်ရာမ၀င်ခင် ကျတော်တို့စားရအောင်ဆိုပြီး လုပ်ပေးသွားတဲ့ ဆန်မုန့်ကို တကျွတ်ကျွတ်စားနေလေ၏

ကျတော် သူ့ဘေး၌ ၀င်ထိုင်လိုက်ပြီး-

"မင်းက ငါတို့အိမ်မှာ ဘယ်နရက်စိတ်ကူးထားတာလဲ"

"ပျော်သလောက်...."

ထယ်ယောင်း အဖြေကြောင့် ဟိုဆော့တစ်ယောက် မျက်ဖြူစိုက်မတတ် အံ့ဩသင့်သွားပြီး

"ဘာ...ဘာပြောတယ် မင်းအိမ်ကို ပြန်သင့်နေပြီလို့ မထင်ဘူးလား"

"မင်း ဘာမှ၀င်မပြောစမ်းပါနဲ့"

"ဟာ... အန်တီဆူး မင်းကို စိတ်ပူနေလိမ့်မယ်"

"ဟက်!! မနေစေချင်ရင်မနေစေချင်ဘူးပေါ့
မေမေ က ငါဒီမှာရှိတယ်ဆိုတာကိုသိတယ်
သူကတောင်ပြောသေးတယ် ဒီအိမ်မှာပဲ အပြီးနေလိုက်တော့တယ်"

"ဟားးဟားး မရပါဘူးနော် ငါကတော့ မင်းကို
မနေခိုင်းဘူး"

"ငယ်ငယ်တုန်းက ကျ မင်း အိမ်မှာ ဇွတ်အတင်းနေခိုင်းနေပြီးတော့"

"ဟာ...အဲ့တုန်းက ကလေးပဲရှိသေးတာလေ
ဒါတွေသိမလား ငါက အဖော်မက်တော့ မင်းငါနဲ့အတူတူကစားပေးမယ်လို့ထင်ပြီး ငါ့အိမ်မှာအမြဲခေါ်ထားတာပေ့ါကွ"

"အေး အခုလည်း အဲ့ဒီလို သဘောထားလိုက်ပေါ့ကွာ"

"ဆန့်မုန့်ကျွေးအုံး"

"ကုန်ပြီ"

"ဘာ!!!!"

ဒီကောင့်ကို ငရုတ်ဆုံထဲ ထည့်ထောင်းလိုက်ရတော့မလား !

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now