Me & He - 22

1K 161 28
                                    

နာရီ မိနစ် စက္ကန့်တွေ သာ တဖြည်းဖြည်းပြောင်းလဲသွား ပေမယ့် သူကတော့ Hoseok ရဲ့ မျက်နှာကို အခုထိ ကြည့်ခွင့်မရှိသေး
အခန်းအပေါက်၀ဘေးက ခုံတန်းမှာ တစ်နေကုန်နီးပါး ထိုင်စောင့်နေတတ်သူကြောင့် Counter
က သူနာပြုတွေကပါ သူ့အကြောင်းကို တီးတိုး
ပြောနေကြတာကိုလည်း Taehyung မကြားချင်‌ယောင်ပဲ ဆောင်လိုက်ပါသည်

"သူ့ဘ၀ထဲက အပြီးအပိုင်ထွက်သွားပေးပါလား
သူလည်း မင်းကို မြင်ချင် တော့
မှာမဟုတ်တော့ဘူး"

"ကျတော် မလုပ်နိုင်ဘူး"

ထိုနေ့က ကျတော့်ရဲ့ အဖြေကြောင့် အန်တီ
ဆွန်းဟွာ တစ်ယောက် အံကိုကြိတ်ကာ
ထွက်သွားခဲ့သည်
တဆက်ဆက်တုန်ရီလျက်ရှိသော ကျောပြင်ကို
တစ်ချက်လှည့်ကြည့်မိသောအခါ အလွန်အမင်း
ဒေါသဖြစ်ကြောင်းမှာလည်း ပေါ်လွင်လှပါ၏
ထို့အပြင် ကျတော့် ကိုလည်း ပိုပြီး နာကျည်း
သွားခဲ့ပုံရသည်

ထိုအချိန်မှစကာ သူ့ကို အခန်းထဲသို့ ၀င်ခွင့်မပေးမချင်း အခန်းရှေ့က ခုံတန်းလျား၌ ထိုင်ကာ
အချိန်တွေကို မြုပ်နှံလိုက်၏
အခန်းထဲအမြဲအ၀င်အထွက်ရှိသူသည်
အဓိကအားဖြင့် အန်တီ ဆွန်းဟွာ သာ ဖြစ်သည်
သူ က တော့ ကျတော့်ကို ဖုတ်လေတဲ့ငပိလို့တောင် ထင်ပုံမရ ၊ မရှိသူ မသိသူ သေသူလို့ပဲ
သဘောထားသည်မှာ သိပ်ကိုပေါ်လွင်သည်
ကျတော့်ကို အမြဲတမ်း မမြင်ချင်ယောင်
ဆောင်ကာ သူ့ကိစ္စသူလုပ်သည်
Hoseok နဲ့ ပတ်သတ်တဲ့ ကိစ္စအ၀၀ကိုလည်း
သူတစ် ယောက်တည်းကပဲတာ၀န်ယူပုံရပါသည်

နေ့လည်စားချိန်၌သာ အပြင်ခဏထွက်စားပြီးနောက် ထိုခုံတန်းမှာတင် တစ်နေကုန်နီးပါးထိုင်ပြီး ညသန်းခေါင်ရောက်ချိန်မှ လက်မှိုင်ချကာ ပြန်သွားသော ထိုကောင်လေးကိုလည်း
အချို့က မှတ်မိချင်မှ မှတ်မိပါလိမ့်မည်
Hoseok သတိမရသေးတာ 2 ရက်တောင်
ရှိနေပြီ

ဒီနေ့က သုံးရက်မြောက်နေ့
မနက်စာကို အိမ်မှာအပြီးစားသောက်ပြီး
ဆေးရုံကိုမသွားခင် မေမေ့၏ အခန်းရှေ့သို့
သွားရပ်မိသည်
မေမေ လည်း သူ့ကို အခေါ်အပြောမလုပ်တာ
3 ရက်ရှိနေပြီဖြစ်သည်
ထို့အပြင် နေမကောင်းဖြစ်နေတာလား လဲမသိ
Hoseok ဆီ လာတာလည်း မတွေ့တဲ့အပြင်
ကျတော် ကလည်း တစ်နေကုန် ဆေးရုံ
ဆီ ရောက်နေတာမလို့ သိပ်ပြီး အတိအကျတော့ မသိ

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now