Me & He - 23

1K 153 28
                                    

"နင့် မာမီဆီ ပြန်သွားသင့်တယ် Taehyung ရယ်"

မီဆို က ဖရဲသီးဖျော်ရည်ကို တစ်ငုံသောက်လိုက်ရင်း  မျက်နှာချင်း ထိုင်ခုံမှာ ကျတော့်ကို ငေးကြည့်ရင်း ပြောနေသည့်ပုံပေါ်သည်

"ဒီစကားကို လွန်ခဲ့တဲ့ တစ်နှစ် ကတည်း နင်
ငါ့ကို ပြောသင့်ခဲ့တာ မီဆို ...."

Taehyung က မည်သည့်ခံစားချက်မျှမရှိတော့သော မျက်နှာ အမူအရာဖြင့် ပြောလာတာကို
မီဆို က တစ်ချက် အကဲခတ်ရင်း နှာမှုတ်ပြလိုက်၏

"နင့် မာမီ က တစ်ယောက်တည်းလေဟယ်
သူ့မှာ အားကိုးစရာဆိုလို နင်ပဲရှိတာကို"

မီဆို စကားကြောင့် Taehyung စိတ်ရှုပ်
လာဟန်ပြု၍ ဖတ်လက်စ သတင်းစာကို
စားပွဲပေါ် ပစ်တင်လိုက်ပြီး နားထင်ကို ခပ်ကြမ်းကြမ်း ဖိပစ်လိုက်သည် ။ ထို့နောက်

"အဲ့ဒီ တစ်ယောက်တည်းသော သား ကို
နှင်ထုတ်ခဲ့တာ သူပဲ မီဆို
မေမေ က Hoseok သတိရလာတဲ့ နေ့ကတည်းက  ဘူဆန်ကို တစ်လလောက်သွားမယ်ဆိုတဲ့ စာတစ်စောင် ကို ချန်ခဲ့ပြီး ငါ့ကို အသိမပေးပဲ ထွက်သွားခဲ့တာ
အဲ့ဒီ အိမ်မှာ ငါကတစ်ယောက်တည်းနေခဲ့ရမှာလား ဒီလိုကိစ္စတွေ ဖြစ်ပြီးသွားတာ တောင်လေ အထူးသဖြင့် Hoseok ရယ် သူနဲ့ပတ်သတ်တဲ့သူတွေ အကုန်လုံးကို မျက်နှာပြောင်တိုက်ပြီးတော့ပေါ့ "

"အာ ... အေးပါ ငါဘာမှထပ်မပြောတော့ဘူး"

မှန် သည် ဖြစ် စေ မှားသည် ဖြစ်စေ သူငယ်ချင်းဖြစ်သူ ဘက်က ချည်း နားလည်ပေးတဲ့ သဘောမျိုး မဟုတ်ပေမယ့်လည်း အခုကျပြန်တော့
Taehyung ဘက်ကကြည့်လျှင်လည်း မှန်နေသည်မလို့ မီဆို တစ်ယောက် ဘာစကားမှ
ထပ်မဆိုတော့ပဲ မျက်နှာချိုသွေးကာ ပြောစရာရှိသည်ကိုသာ ခပ်သွက်သွက်ပြောရန်ပြင်ဆင်လိုက်တော့သည်

"ဟီး Taehyung ဟို လေ ...."

ကော်ဖီ ဆိုင်၏ မှန်ပြတင်းပေါက်မှ တစ်ဆင့်
မိုးတဖွဲဖွဲကျကာ ပတ်၀န်းကျင်ကို အလှဆင်
လျက်ရှိသော မြင်ကွင်းကို အရသာခံ၍
ကြည့်နေသူက ဘာလဲ ဟူသော သဘောဖြင့်
မျက်လုံးစောင်းကြည့်လာလေသည်

"ပြောလေ "

"ဟို ... ငါဒီတစ်ခေါက် Perfume Company
တစ်ခုရဲ့ Brand တွေကို ကြော်ညာဖို့
ရှိတယ်လေ အဲ့တာ Shooting ပိုင်းအတွက်
ငါ နင့်ကို ငှားထားတယ်လေ သိတယ်မလား"

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now