Me & He-6

1.2K 198 64
                                    

Edited Version

အိမ်နီးနားချင်းတွေအနေဖြင့် ယနေ့ ကျတော့်အိမ်သည် အရင်နေ့တွေကထက်ပို၍ပင် ဆူညံနေ သည်ဟုထင်ချင်ထင်နေလိမ့်မည်
တကယ်လည်း မှန်ပါသည် အကြောင်းမှာ
မားမား  အလုပ်ကိစ္စနှင့် ညဘက်နောက်ကျ
မှ အိမ်ပြန်ရောက်မည်ဖြစ်သောကြောင့် အန်တီ
ဆွန်းဟွာဆီမှ ခွင့်တောင်းကာ ထယ်ယောင်း ကို ခေါ်ပြီး ကျတော့်နှင့် မနက်ခင်းတစ်ခုလုံးအပြင်
ညအိပ်တဲ့အထိပါ နေခိုင်းခဲ့ခြင်းဖြစ်၏

သို့သော် မနက်ကတည်းက ထယ်ယောင်းကို
စသလိုနောက်သလို နှင့်  ကို့လို့ကန့်လန့်ပြောလိုက်သော စကားလေးတစ်ခွန်းမှအရင်းတည်လိုက်ကာ ညရောက်သည်အထိ ကျတော် နှင့်  ထယ်ယောင်းကတော့  ရန်သတ်နေတုန်းပင်

"ကင်ထယ်ယောင်း အခန်းထဲထိလိုက်ပြီး
ဘာဖြစ်လို့ ငါ့လက်ဆောင်တွေကို ဖွနေရဝာာလဲ"

"မင်းကြောင့် ငါအများကြီးအထင်လွဲခံရတာ
ကို မင်း ဘယ်လိုလုပ်ပေးမှာလဲပြောလေ"

"ရားး... အဲ့လိုဆို ငါမနက်ကပြောတဲ့အတိုင်းလုပ်ပေးလေ"

"ဟိုဆော့ အဲ့စကားကို ထပ်မပြောနဲ့နော်
ငါနဲ့ ထပ်ပြီးရန်သတ်ချင်လို့လား"

"ဒီလောက်လေးပြောပေးတာ ဘာဖြစ်တာမှတ်လို့လဲ မင်းပြောပုံအရဆိုရင် အန်တီဆူး က ကြိမ်းမောင်းနေတာလည်း မဟုတ် မင်းကို အေးအေးဆေးဆေးနား ချနေတဲ့ပုံပါပဲ"

ကျတော်က ထိုသို့ရှင်းပြသော်လည်း သူက
နှုတ်ခမ်းတစ်ထော်ထော်နှင့် ဇွတ်ငြင်းနေဆဲ

"ဒါပေမယ့် ငါ အလကားနေရင်း ကြားထဲက အထင်လွဲခံလိုက်ရပြီး အဆူခံလိုက်ရတဲ့အတွက် နစ်နာတယ်
အဲ့တာကြောင့် မင်း လက်ဆောင်တွေထဲက ငါကြိုက်တဲ့ ပစ္စည်း ၅ မျိုးလောက်ယူသွားမယ်"

"ဟာ....မရဘူးနော်"

"ကပ်စေးနဲ မနေပါနဲ့ မင်း ရထားတာ တကယ့်အကောင်းစား တံဆိပ်တွေချည်းပဲ
ပြီးတော့ စုစုပေါင်း Won 300000 ဖိုးတောင်မှ
နည်းနည်းလေးတော့ ပေးစမ်းပါကွာ"

"ဟွန့်...."

"ဘာလဲ အဲ့ဒီကောင်မလေး ပေးထားတယ်ဆိုပြီး
ငါ့ကို မပေးချင်လို့လား"

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now