Me & He-12

1K 185 40
                                    

3 နှစ်နီးပါး ကျောင်းဆင်းတိုင်း
အမြဲတမ်းလာလေ့ရှိတဲ့ ဟန်မြစ်ကမ်း က
ဒီနေ့တော့ အရောင်အဆင်းမဲ့စွာ
ခြောက်ကပ်ကပ်ဖြစ်နေသလို

မိုးအုံ့နေတဲ့ ရီဝေဝေကောင်းကင်ကျယ်ကြီးမှာလည်း တိမ်ညိုတွေသာအုပ်စိုးလျက်ရှိတယ်
ညနေစောင်းရင် အိပ်တန်းတက်နေကြ
ငှက်လေးတွေကကော ရာသီဉတုအခြေအနေကြောင့်များလားမသိ
ဒီနေ့တော့ သူတို့ရှေ့မှာရောက်မလာခဲ့ပါ

မြက်ခင်းပြင်ပေါ်မှာ ထိုင်နေတဲ့ လူသား နှစ်ယောက်လည်း အရင်တုန်းက ပျော်ရွှင်နေတဲ့သူတို့
နဲ့ မတူညီစွာ နည်းနည်းမှမသက်ဆိုင်တော့သလို

ခါတိုင်းဆိုရင် မျက်နှာဘေးကို ကျီစယ်ကာရိုက်ခတ်လာတဲ့ ချမ်းစိမ့်စိမ့် လေညှင်းလေးကို
သဘောကျနှစ်သက်မိမှာ
အမှန်ပင်ဖြစ်သော်လည်း
ယခုတော့ ထိုလေညှင်းက သူတို့နှစ်ယောက်ကြား
အေးစက်စက် တံတိုင်းတစ်ခုခြားထားသလို

နှစ်ယောက်သား တစ်နေရာစီကိုသာငေးကြည့်ရင်း ရှုပ်ထွေးတဲ့ အတွေးကိုယ်စီ နဲ့ မျောလွင့်နေကြတယ်

အရာအားလုံး က ပုံမှန်ပါပဲ
အမြဲတမ်း မြစ်ဘေးနားမှာ ကစားနေတဲ့
ကလေးကိုယ်စီကလည်း အရင်တုန်းကလို
ပျော်ရွှင်နေတုန်းပဲ

ခုံတိုင်းကိုယ်စီမှာလည်း အချစ်ငှက်နှစ်ယောက်ရဲ့
အချစ်စမ်းပြီးစနောက်နေကြတဲ့အသံတွေ
ရင်ခုန်လှိုက်ဖိုစေမယ့်စကားတွေကလည်း
တစ်ချက်တစ်ချက် လေနှင့်အတူ နားစည်ကို
အလည်ရောက်လာပြန်တယ်

လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဒီအချိန်ရောက်တိုင်း
တစ်ယောက်လက်တစ်ယောက်ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး လမ်းလျှောက်ထွက်လာတဲ့
အသက် 70 ကျော် အဘိုးနဲ့အဘွားတို့ကလည်း
ဒီနေ့အချိန်ထိ တွဲလက်မြဲနေတုန်းပဲ

ဒါဆို အားလုံးကလွဲရင်
ပုံမှန်မဟုတ်တော့ပဲ
ပြောင်းလဲသွားတာ ကျတော်တို့ နှစ်ယောက်ပဲ
မလား

သက်ပြင်းချသံ တစ်ခုထွက်ပေါ်လာခြင်း နှင့်
အတူ အသည်းပုံကျောက်စရစ်ခဲလေးကလည်း
"ပလုန်"ဟူသည့်အသံလေးနှင့် ကန်ရေပြင်ထဲသို့ ခုန်ဆင်းသွားလေရဲ့

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now