အခန်း (၁)

50.2K 3K 946
                                    

#Unicode

"တီ....တီ....တီ...!!!"

အိပ်ခန်းထဲမှာ ဆက်တိုက်ဆိုသလို မြည်နေသော နာရီနှိုးစက်သံကို ကျယ်လောင်စွာကြားနေရသော်လည်း တုတ်တုတ်မျှ မလှုပ်သော သူက ကင်မ်ထယ်ယောင်း.....
ပက်လက်အိပ်နေရာကနေ မှောက်ခုံအနေအထားသို့သာ ပြောင်းသွားပေမယ့်လည်း ဆက်အိပ်နေဆဲပင်ဖြစ်သည်။

"တီ...!!တီ..တီ..တီ...!!!"

"အာ....တကယ်ပါပဲ..နားငြီးလိုက်တာ.."

အိပ်ချင်မူးတူး ရေရွတ်သံမပီမသဖြင့် မှောက်ခုံအိပ်နေရာမှ ခေါင်းအုံးကို ဆွဲယူကာ ခေါင်းပေါ်ကနေ ဖိထားပြီး ပေတေအိပ်နေ၏
ဒါပေမယ့်လည်း ဆက်တိုက်ကြားနေရသော နှိုးစက်သံ​ကြောင့် သူ နားပူလာရသည်။

စိတ်မရှည်စွာဖြင့် စားပွဲပေါ်က နှိုးစက်ကို လှမ်းပိတ်ပြီးသည်အထိ မျက်လုံးတို့က ဖွင့်မရသေး...
ညက ဂိမ်းကစားရင်း အတော်လေး နောက်ကျမှ အိပ်ယာဝင်ခဲ့တာမို့ အခုစောစော မနိုးခြင်းပင်...။

ဒါနဲ့ ဘယ်နာရီရှိပြီလဲ မသိ...
နှိုးစက်ဘေးနားက နာရီကို လှမ်းကြည့်မိတော့ ရှစ်နာရီခွဲကို ညွှန်ပြနေသော နာရီလက်တံကြောင့် အိပ်ရေးမဝသေးသည့် ထယ်ယောင်းမျက်လုံးတွေ ပြူးကျယ်သွားရသည်။
ဟိုက်!!!သေစမ်း....
ဒီနေ့ ကိုးနာရီ အင်တာဗျူး သွားဖြေရမှာ...

ခုတင်ပေါ်ကနေ ဝုန်းခနဲထပြီး ရေချိုးခန်းထဲ ပြေးဝင်ကာ မျက်နှာသစ်ခြင်းနဲ့ ရေချိုးခြင်းကို ခပ်မြန်မြန်လုပ်ရ၏
ရေချိုးခန်းထဲက ထွက်လာတော့လည်း ရေစ်ိုနေတာကြောင့် ကြမ်းပြင်ပေါ် ဗိုင်းခနဲချော်လဲရပြန်သည်။

"ဗုန်း..!အားးးးလားးးးသေပါပြီ.."

နာသွားသော တင်ပါးကိုသာ ဖိပွတ်ရင်း အသည်းသန်ကုန်းထကာ အဝတ်ဗီရိုထဲက အင်္ကျီကိုယူဝတ်လိုက်သည်။
အနည်းငယ် ကြည့်ကောင်းအောင် ဆံပင်ကို ခပ်မြန်မြန်ဖီးကာ spray ဖျန်းပြိီးနောက် လွယ်အိတ်ကို ကောက်ယူပြီးချိန်မှာတော့ ရှစ်နာရီလေးဆယ်...

ဘုရား..ဘုရား...ကားလမ်းမပိတ်ပါစေနဲ့...
စိတ်ထဲကလည်း ဆုတောင်းရင်းအခန်းထဲက မြန်မြန်ထွက်ကာ တံခါးဆီက်ို ပြေးရပြန်သည်။
ခြေအိတ်ကိုလည်း ထိုင်မဝတ်အားတာကြောင့် မတ်တပ်ရပ်လျက်ပင် ဝတ်နေတာမို့ လူကခုန်ဆွခုန်ဆွဖြစ်ပြီး တစ်ယောက်တည်း ပျာယာခတ်လို့နေ၏..။

Secretary KIM (completed)Unde poveștirile trăiesc. Descoperă acum