#Unicode
တစ်ညလုံးနီးပါး တောက်လျှောက်မောင်းလာခဲ့ပြီးချိန်မှာတော့ ဒယ်ဂူမြို့ထဲသို့ မနက်စောစောမှာ ဂျောင်ဂုရောက်ခဲ့၏။
ဝန်ထမ်းရေးရာကနေ တောင်းလာသော ထယ်ယောင်းအိမ်လိပ်စာအတိုင်းကို ဂျောင်ဂုမှာ အတော်လေး ရှာလိုက်ရသေး...
တစ်ခါမှလည်း မရောက်ဖူးတာမို့ မေးလိုက်မြန်းလိုက်နဲ့ နာရီဝက်လောက်ကြာပြီးမှ တိတ်ဆိတ်သော ရပ်ကွက်လေးတစ်ခုရဲ့ လမ်းအဆုံးမှာရှိသည့်ထယ်ယောင်းအိမ်လေးကို တွေ့ခဲ့သည်။မကျဥ်းလွန်းမကျယ်လွန်းသော ခြံဝန်းလေးက သစ်ပင်အချို့နဲ့စိမ်းလန်းစိုပြေကာ တိတ်ဆိတ်လို့နေ၏
သေသေသပ်သပ်ဆောက်ထားသော အိမ်လေးထဲမှာရော,ခြံထဲမှာပါ လူရိပ်လူယောင် မတွေ့ရတာမို့ ဂျောင်ဂု အကြံအိုက်သွားရသည်။
ထယ်ကတော့ ဒီအချိန်နိုးအုန်းမှာ မဟုတ်သေး...ထယ့်အမေ ဒါမှမဟုတ် ထယ့်အဖွားပဲ ဖြစ်ဖြစ် ခြံထဲထွက်လာဖို့ မျှော်လင့်ရမှာပဲ။မဟုတ်ရင် သူဒီကားထဲမှာပဲ ထိုင်နေရတော့မှာလေ...
ဂျောင်ဂု ဆုတောင်းတို့ ပြည့်ဝသွားတယ် ထင်ပါ့။
မိနစ်နှစ်ဆယ်လောက်ကြာချိန်မှာတော့ အိမ်ထဲကနေ ထွက်လာသည့် ထယ်ယောင်းအမေကို သူတွေ့လိုက်ရသည်။ခြံတံခါးကို ဖွင့်ပြီးနောက် ရေပိုက်ကိုသွယ်ကာ ခြံထဲမှာ စိုက်ထားသည့် သစ်ပင်တွေကို ရေလောင်းဖို့ ပြင်နေသည့် ထယ်ယောင်းအမေ...
ဂျောင်ဂု ကားထဲကနေ ထွက်၍ ဖွင့်ထသော တံခါးမှ တစ်ဆင့် ခြံထဲသို့ဝင်သွားကာ နှုတ်ဆက်လိုက်၏"မင်္ဂလာပါ အန်တီ.."
သူ့အသံကြောင့် လှည့်ကြည့်လာသော ထယ်ယောင်းမိခင်က ပထမတော့ အံ့သြလို့နေ၏
နောက်တော့ ချက်ချင်းပင် မျက်နှာကိုတည်လိုက်ကာ.."မင်း ဒီကို ဘာလာလုပ်တာလဲ..?"
"ကျွန်တော် ထယ်ယောင်းကို လာတွေ့တာပါ....အန်တီတို့ဆီမှာလည်း ခွင့်တောင်းစရာရှိလို့ပါ.."
"မလိုဘူး...ငါ့ဘက်က ဘာကိုမှ ခွင့်ပြုမှာ မဟုတ်လို့ မင်းပြန်လိုက်တော့..."
သူကြိုတွေးထားသည့်အတိုင်း နှင်ထုတ်နေသော ထယ်ယောင်းအမေ...
YOU ARE READING
Secretary KIM (completed)
Fanfictionဝမ်တစ်သောင်းတန်ကနေ စတင်ခဲ့သည့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်