အခန်း (၁၀)

19.4K 2.2K 650
                                    

#Unicode

"ဟော ထယ်ယောင်း...ခြေထောက်က သက်သာသွားပြီလား..?"

အခန်းထဲဝင်ဝင်ချင်း အဖွဲ့မှုးက မေးကာ သူ့အနားသ်ို့ လျှောက်လာသည်။

"ဟုတ်ကဲ့...အဖွဲ့မှုး ကောင်းသွားပါပြီ...ကျွန်တော့်အစား အလုပ်တွေပါ လုပ်ခဲ့ရလို့ ပင်ပန်းနေမှာပဲ.."

"မဟုတ်တာ...မဟုတ်တာ...အချင်းချင်းတွေဆိုတော့ ဒိီလိုပဲ ကူညီရမှာပေါ့..."

"အဖွဲ့မှုး မလုပ်တက်တာ တစ်ခုရှိပါသေးတယ်.."

ဂျီမင်က စကားဝင်ထောက်တော့ အဖွဲ့မှုးက ..

"ငါ အကုန်လုပ်တက်ပါတယ်နော်.."

"ကော်ဖီလေ...ကော်ဖီမှ မဖျော်တက်တာ.."

"အဲ....အဲ့ဒါတော့ ဟုတ်တယ် ထယ်ယောင်းရေ....မင်းမရှိတဲ့ အတောအတွင်း ဒုဥက္ကဌကလည်း ကော်ဖီမတောင်းဘူးရယ်...ကံကောင်းလို့..မဟုတ်ရင် ငါတော့ တိုင်ပတ်ပြီပဲ.."

"ဒါဆို ကျွန်တော်က အဖွဲ့မှုးထက် အလုပ်တစ်ခုပိုကျွမ်းတာပေါ့..."

"ဒါပေါ့...ဒါပေါ့..ဟားးးဟားးး"

ထယ်ယောင်းရဲ့ အပြောကို ဂျီမင်နဲ့အဖွဲ့မှုးက သဘောကျစွာဖြင့်အသံထွက်သည်အထိ ရီနေကြသည်။

"စောစောစီးစီး ဘာတွေ တဟားဟားနဲ့ရီနေကြတာလဲ..?"

ဟိန်းခနဲ အသံနဲ့တူတူ အခန်းထဲ ဝင်လာသူ ကိုကြီးကျယ်ကြောင့် ထယ်ယောင်းတို့ အလျင်အမြန်ဦးညွှတ်လိုက်ကြသည်။

"အလုပ်ကိုလာတာ တဟီးဟီး တဟားဟား လုပ်ဖို့လား..?ဒီလို ပုံံစံနဲ့သာဆို ဒိီ company ကအတော်လေး တိုးတက်အုန်းမယ်...အလုပ်ရောက်တာနဲ့ ကိုယ့်အလုပ်ကို သေချာလုပ်ကြ...ရေသာခိုမနေကြနဲ့...ပြီးတော့ အဖွဲ့မှုး..!"

"ဟုတ်ကဲ့ ဒုဥက္ကဌ.."

"ထယ်ယောင်းကို ဟိုနေ့က နွေရာသီဖက်ရှင် ဒီဇိုင်းပွဲအကြောင်း ပြောပြပြီး လိုအပ်တာတွေ လုပ်ခိုင်းလိုက်...
!ပြီးတော့ ထယ်ယောင်း...နေ့လည်တစ်နာရီ ဧည့်သည်ရောက်မှာမို့ အဲ့အချိန်ကျ သတိလာပေးအုန်း....ဂျီမင် ကတော့ မနေ့က ငါတောင်းထားတဲ့ ဖိုင်တွေ Mail ကနေပို့လိုက်.."

Secretary KIM (completed)Where stories live. Discover now