အခန်း (၁၇)

19.8K 2.1K 801
                                    

#Unicode

ပြတင်းပေါက်မှတစ်ဆင့် တိုးဝင်လာသော နေရောင်ခြည်ဖြင့် တိတ်ဆိတ်နေသော အခန်းလေး....
ဧည့်ခန်းထက် ဆိုဖာပေါ်ဝယ် ထယ်ယောင်းကို ပွေ့ဖက်ရင်း အိပ်ပျော်နေသော ဂျောင်ဂုက ပထမဆုံးနိုးလာခဲ့သည်။

လက်မောင်းပေါ်မှာ အိပ်ပျော်နေဆဲဖြစ်သည့် ထယ်ယောင်းကို ငုံ့ကြည့်မိတော့ မျက်လုံးနည်းနည်းပွင့်နေတာမို့ နိုးသွားပြီထင်တာ...
ဘယ်ဟုတ်မလဲ မျက်လုံးဖွင့်ပြီး အိပ်နေတာရယ်...ဘယ်လ်ိုလေးလဲကွာ..
ထယ်ယောင်းကြောင့် နိုးနိုးချင်း ပြုံးမိရသူက ဂျောင်ဂုပင်..
အိပ်မောကျနေသော ကောင်လေးရဲ့ ပုံစံလေးဟာ ဘာလို့ဒီလောက်တောင် ချစ်ဖို့ကောင်းနေရတာပါလိမ့်?

မို့တက်နေတဲ့ ပါးလေးကို ဖွဖွနမ်းလိုက်ပြီး တကယ်နိုးမသွားစေရန် ခေါင်းကို အသာမ၍ ဆိုဖာပေါ်နေရာချပေးလိုက်သည်။
စောင်လေးကိုပါ လုံအောင်ခြုံပေးလိုက်ပြီးနောက် သူကတော့ မျက်နှာသစ်ရန်ရေချိုးခန်းထဲ  ဝင်ခဲ့လိုက်၏

တစ်ညလုံးဆိုဖာပေါ်ပဲ အိပ်ပျော်နေတာမို့ အညောင်းညာပြေ အကြောဆန့်လိုက်ပြီးနောက် မျက်နှာသစ်ရန်ပြင်ဆင်လိုက်သည်။
ပထမတစ်ကြိမ်ရောက်ဖူးထားတာကြောင့် မျက်နှာသစ်ကိုယ်လက်သန့်စင်ရတာ ပြဿနာမရှိ....
မျက်နှာသစ်ပြီး ပြန်ထွက်လာတဲ့အထိ အိပ်ပုတ်လေးကတော့ အိပ်ပျော်နေတုန်း။

မီးဖိုချောင်ထဲဝင်ကာ မနက်စာအတွက် ဘာများပြင်ရမလဲကြည့်တော့ ဒီခလေးက ရေခဲသေတ္တာထဲ ဘာမှလည်း ဝယ်မဖြည့်ထားဘူးပဲ။ကိုလာဘူးတွေ,ပေါင်မုန့်အလွတ်တွေနဲ့စတော်ဘယ်ရီယိုဘူးတွေလောက်သာ ထည့်ထားတာ။
ဒီကောင်လေးတော့ ညစာကို ပြီးစလွယ်စားနေလို့ ဒါကြောင့်လည်းလူက သေးသေးလေးဖြစ်နေတာ။

အတွေးနဲ့အတူ ပေါင်မုန့်ထုပ်လေးကိုယူကာ မီးကင်လိုက်ပြီးနောက် စတော်ဘယ်ရီယိုဘူးလေးကို ထုတ်ယူ၍အဆင်သင့်ပြင်ထားလိုက်သည်။
ပြင်ဆင်လို့ ပြီးခါနိီးမှာ နိုးလာသော ထယ်ယောင်း ...
မျက်လုံးတွေကို ပွတ်သပ်ကာ သမ်းဝေရင်း သူရှိသော မီးဖိုချောင်ဆီ ရောက်လာခဲ့သည်။

"နိုးပြီလား ထယ်.."

"အွန်း"

"မျက်နှာသစ်လိုက်လေ ပြီးရင် မနက်စာ တူတူစားရအောင်...ကော်ဖီကတော့ ထယ်ဖျော်ပေးနော်.."

Secretary KIM (completed)Where stories live. Discover now