အခန်း (၉)

19.2K 2.3K 623
                                    

#Unicode

ငြိမ့်ညောင်းသော သံစဥ်တစ်ချို့ ပျံ့လွင့်နေသော စားသောက်ဆိုင်ရဲ့ ထောင့်တစ်နေရာ...
အွန်းဟယ် တမင်တကာပင် ဒီထောင့်ဆုံးဝိုင်းလေးကို ရွေးခဲ့တာ...
ဒီဆိုင်လေးက ဂျွန်နဲ့သူမ ချစ်သူရည်းစားဘဝတည်းက ဆုံနေကြနေရာလေး...

ဒီဆိုင်ကိုရောက်တိုင်း ဒီနေရာလေးမှာပဲ ထိုင်ဖြစ်ကြသည်။
အရမ်းကို ပျော်စရာကောင်းခဲ့သော သူမနဲ့ ဂျွန်ရဲ့ အတိတ်မှာ အမှတ်တရတွေက အများကြီး...
ဂျွန့်အတွက် သူမက အချစ်ဦးဖြစ်သလို,သူမအတွက်လည်း ဂျွန်က အချစ်ဦးသာ...

ဒါပေမယ့် သူမ ရွေးချယ်မှု မှားယွင်းခဲ့သည်...
ထိပ်တန်းမော်ဒယ်လ်တစ်ယောက် အဖြစ်ရပ်တည်နိုင်ဖို့ အခွင့်အရေးကို ဂျွန်နဲ့လဲလှယ်ကာ ရယူခဲ့သည်။

ဂျွန့်အဖေပြောလာသည့် ဒီကမ်းလှမ်းချက်ကိုသာ လက်မခံခဲ့ရင် သူမနဲ့ဂျွန်ယာ အခုထိ ချစ်နေကြတုန်းပဲ ဖြစ်မှာ...
ထိုအချိန်က ငယ်သေးတာမို့ သူမဆုံးဖြတ်ချက်တွေမှားခဲ့သည်။

မာနတစ်ခုကို ရှေ့တန်းတင်ကာ ပေးသမျှ ပိုက်ဆံနဲ့အောင်မြင်အောင်လုပ်ပြီး သူတို့မော်ကြည့်နိုင်တဲ့သူ ဖြစ်ချင်ခဲ့သည့် စိတ်ကြောင့် အရာရာဟာ အမှားတွေနဲ့....
အခုချိန်ကစပြီး ဒိီအမှားတွေကို ပြန်လည်ပြင်ဆင်နိုင်အောင် ကြိုးစားမည်။

ဒီအကြောင်းတွေကို ဂျွန်သိရင် အနည်းဆုံး သူမပေါ်စိတ်ပြန်လည်လာနိုင်မှာပါ။
သူမ ပြောပြချင်ပါသည်...ဒီလိုမျိုး ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းကို...

လက်မှ နာရီလေးကို ငုံ့ကြည့်မိတော့ ည ဆယ်နာရီ....
ဂျွန်ဟာ တကယ်ပဲ ရောက်မလာခဲ့ဘူး။

ဟိုးအတိတ်က ဂျွန်ဟာ ကြင်နာတက်တဲ့ မျက်ဝန်းနဲ့ချိုမြသော အပြုံးတွေကို ပိုင်ဆိုင်ထားပြီး နွေးထွေးသူ....
အခုလက်ရှိ ဂျွန်ကတော့ အေးစက်စွာဖြင့် မျက်နှာထားတည်တည်ရှိနေသည်မှာ အခြားလူတစ်ယောက်လိုပင်...

အလွတ်မှတ်မိနေသော နံပါတ်လေးကို ဖိနှိပ်၍ ခေါ်ဆိုလိုက်တော့ ဝင်သွားလေသည့် ဖုန်း...

"ဒူ...ဒူ..."

ဂျောင်ဂု ရေချိုးပြီး ခေါင်းသုတ်နေတုန်းမှာပင် မြည်လာသည့် ဖုန်းသံကြောင့် ကြည့်မိတော့...Screen ပေါ်မှာ မြင်လိုက်ရသည်က အမည်မတပ်ထားသော ဖုန်းနံပါတ်တစ်ခု....

Secretary KIM (completed)Where stories live. Discover now