အခန်း (၁၆)

20.2K 2.2K 688
                                    

#Unicode
မနေ့က ခရီးကနေပြန်ရောက်ပြီး အလုပ်ပြန်တက်ရသည့် မနက်ခင်း...
သောကြာနေ့ရဲ့ သာယာသော မနက်ခင်းဖြစ်ပေမယ့်လည်း ထယ်ယောင်းကတော့ ထုံးစံအတိုင်းအိပ်ယာထနောက်ကျနေပြန်တာမို့ဝရုန်းသုန်းကား မနက်ခင်းပင်..
ခရီးကနေ အိမ်ရောက်ပြီး ထပ်မဖျားလို့ တော်သေးတယ်ဟု ဆိုရမည်။
မဟုတ်ရင် ကိုကြီးကျယ်တို့က အဲလေ ဂျောင်ဂုတို့က သူ့အလုပ်ပျက်လို့ပြောနေအုန်းမှာ။
ဒါပေမယ့်လည်း ကိစ္စမရှိပါဘူး။ကျွန်တော်က သူ့ချစ်သူဖြစ်နေပြီပဲဟာ နည်းနည်းလောက် ချွဲပစ်လိုက်မှာပေါ့။

"ဟီးးးဟီးးး"

တစ်ယောက်တည်း အသံထွက်တဲ့အထိ ရီမိကာ ခေါင်းဖြီးခြင်းအလုပ်ကိုမြန်မြန်အဆုံးသတ်လိုက်၏
ထုံးစံအတိုင်း ဖိနပ်ကို တစ်ဝက်ပဲထိုးစီးလိုက်ပြီးနောက် ဓါတ်လှေကားစောင့်နေရင်လည်း  ကြာအုန်းမှာ ဆိုတော့လှေကားကနေ ဆင်းတာပဲ မြန်တယ်ဟု တွေးလိုက်ကာ လှေကားထစ်တွေကို ကျော်ခွ၍ ပြေးဆင်းလာသည့် ထယ်ယောင်း...
တိုက်အောက်ကိုရောက်တော့ ဟောဟဲလိုက်နေတာမို့ အသက်ဝအောင် ရှုရင်း အမောဖြေရသေးသည်။

"ထယ်!"

ဟင်....
သူ့နာမည်ခေါ်သံကြားလိုက်တာကြောင့် ကြည့်မိတော့ ဂျောင်ဂုရယ်..
ကားကိုမှီ၍ လက်ပိုက်ကာရပ်နေသော ဂျောင်ဂုက ပြုံးပြနေပြန်သည်။
ဝရုန်းသုန်းကားပြေးဆင်းလာသော ကိုယ့်အဖြစ်ကိုယ် တွေးမိတော့ အရှက်ပြေ ချောင်းတစ်ချက်ဟန့်လိုက်ရင်း သူ့နားကို လျှောက်သွားလိုက်သည်...။

"ဘယ်လိုတွေဖြစ်လာတာလဲ ထယ်ရယ်...ဖြေးဖြေးလာပါ.."

ပြေးဆင်းလာတာမို့ ပုံပျက်နေသော ထယ်ယောင်းဆံပင်ပွပွတွေကို လက်ဖြင့်သပ်တင်ပေးလာသည့် သူ..

"အလုပ်နောက်ကျနေပြီိမို့...."

"နေကောင်းသွားပြီလား...ညကရော ကိုယ်ပူသေးလား.."

နဖူးကို ဖွဖွစမ်းရင်း မေးနေသော သူ့ကြောင့် ထယ်ယောင်း  ခေါင်းခါပြလိုက်သည်။

"တော်သေးတာပေါ့...ခရီးပန်းပြီး ထပ်ဖျားမှာ ကိုယ်က စိုးရိမ်နေခဲ့တာ..."

ဒီလိုကျတော့လည်း ချစ်သူရတာ ပျော်စရာတော့ကောင်းသား..
အသေးစ်ိတ်ဂရုစိုက်ခံရတယ် မဟုတ်လား..။

Secretary KIM (completed)Where stories live. Discover now