အခန်း (၂၈)

16.5K 1.7K 617
                                    

#Unicode
စိုက်ခင်းထဲမှာပင် ဆောက်ထားသော ဂ်ိုဒေါင်ထဲ၌ စာရင်းစစ်နေသော ထယ်ယောင်းအမေ...
အပြင်ကနေ တခစ်ခစ်ရီသံကို ကြားလိုက်တာမို့ လှမ်းကြည့်မိတော့ ဟိုကောင်လေးနဲ့တူတူ ရီမောပြီး တွဲလျှောက်လာသည့် သူမရဲ့သားငယ်..

ဘာတွေကို ပြောလာကြတယ်တော့မသိ....
သူမသား ရီနေသည်မှာ မျက်လုံးလေးတွေပျောက်တဲ့အထိပင်...
ဒီကိုရောက်နေတဲ့ တစ်လအတွင်း ထယ်ယောင်းလေး ဒီလိုပြုံးရီနေတာကို သူမ မမြင်ရခဲ့။
တကယ်ပဲ သားကို ပျော်ရွှင်အောင် ထားနိုင်တဲ့ ကောင်လေးကိုလည်း ကျေးဇူးတင်ရပါသည်။

ဒါပေမယ့် သားငယ်ကို ပါတ်ဝန်းကျင်က အထင်သေးရှုံ့ချမှုတွေနဲ့ မကြုံစေချင်ပြန်ဘူး။
သားကို လျစ်လျူရှုထားရပေမယ့် သူမ ဘယ်လောက်ထိချစ်တယ်ဆိုတာကို ကိုယ့်ကိုကိုယ်သာအသိဆုံး..။
သားကတော့ ထင်နေမှာပဲ။
သူ့က်ို အသည်းမာတဲ့ အမေဆိုပြီးတော့လေ...

"အဲ့လောက်တောင် ပျော်နေတဲ့ ခလေးတွေကို အခုထိ သဘောမတူသေးဘူးလား..?"

အနားသို့ရောက်လာသော အမေက သူမကို မေးခွန်းထုတ်လို့နေသည်။
သဘောမတူတာထက် ပုံမှန်မဟုတ်တဲ့ အိမ်ထောင်ရေးတစ်ခုမို့ စိတ်မချပဲ မယုံကြည်ရဲတာဆိုရင် ပိုမှန်မှာ....။

"သား ပျော်နေတာကိုတွေ့တော့ ကျွန်မလည်း ပျော်မိပါတယ် အမေ....သားက ယောင်္ကျားလေးတစ်ယောက်မို့ အများကြီး စဥ်းစားနေမိတာ.."

"ညည်းလည်း ဟိုသူငယ်ကို သဘောကျနေတာပဲ မဟုတ်လား..?"

အမေ ပြောတော့ ဂျောင်ဂုဆိုတဲ့ ကောင်လေးကို ထပ်ကြည့်မိသည်။
အပြုံးချိုချိုလေးနဲ့လူကြီးသူမအပေါ်ရိုသေတက်တာကိုတော့ သူမချီးကျူးရသည်။
ဒီအသက်အရွယ်လေးနဲ့ လုပ်ငန်းတစ်ခုကို ဦးစီးနိုင်နေတာကလည်း ထိုကောင်လေးရဲ့ အရည်အချင်းပြည့်ဝမှုကြောင့်ဆိုတာကိုတော့ လက်မခံပေးလို့မရဘူး မဟုတ်လား?

"ကောင်လေးက မိဘတိုင်း သဘောကျစေမယ့် အရည်ချင်းတွေနဲ့ ပြည့်စုံသူပါ...ဒါပေမယ့်လည်း..."

"​ညည်း သဘောမတူသရွေ့ နင့်သားက ကိုယ့်ကိုကိုယ် ထိခိုက်အောင်လုပ်နေမှာ...အဲ့ကောင်လေး ဘယ်လောက်ထိခေါင်းမာတက်တယ်ဆိုတာ နင်မွေးထားတဲ့သားမို့ နင်အသိဆုံးပဲ ဖြစ်မှာ.."

Secretary KIM (completed)Where stories live. Discover now