အခန်း (၁၉)

17.7K 2K 882
                                    

#Unicode
စားသောက်ဆိုင်ခပ်ကြီးကြီးတစ်ခုရှေ့မှာ ရပ်တန့်လိုက်သော ကားတစ်စီး...
ကားပေါ်က ဆင်းလာသူက ဂျောင်ဂုပင်...
မဲနက်သော မျက်ခုံးတန်းတို့ကို စုကျုံ့ထားကာ အလိုမကျသော မျက်နှာသွင်ပြင်က ဒေါသထွက်နေဟန်...

ဂျောင်ဂု ဒေါသတကြီး ရောက်လာသည့် နေရာကတော့ လီအွန်းဟယ်ချိန်းဆိုထားသည့် စားသောက်ဆိုင်ဖြစ်၏...။
ဒီမိန်းမက မပက်သက်ချင်လို့ တမင်ရှောင်ဖယ်ထားတာတောင် လိုက်ပြီး ပက်သက်နေတာမို့ မဖြစ်မနေ စာရင်းရှင်းရတော့မည်။

"ဝုန်း!!"

ချိန်းဆိုထားသည့် စားသောက်ဆိုင်ရဲ့သီးသန့်အခန်းတံခါးကို ဂျောင်ဂုအကြမ်းပတမ်း ဆွဲဖွင့်လိုက်တော့...

"​ရောက်လာပြီလား??ချိန်းရင် တစ်ခါမှ ရောက်မလာတက်တဲ့သူက ဒီတစ်ခါတော့ မြန်သားပဲ.."

ခပ်ချိုချိုအပြုံးတစ်ခုကို ဆင်မြန်းကာ ခနဲ့စကားဖြင့် လီအွန်းဟယ်က ကြိုဆိုသည်။

"မင်းးးဘာတွေလျှောက်လုပ်နေတာလဲ?"

"ရောက်လာရင်လည်း ထိုင်ပါအုန်း...ဖြေးဖြေးချင်းပြောကြတာပေါ့.."

ဂျောင်ဂု စိတ်ပျက်စွာဖြင့်ထိုင်ချလိုက်ပြီးနောက်..

"ပြောစမ်းပါ....မင်း ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်တာလဲ?"

"အဖြေက ရှင်းရှင်းလေးပဲကို ဂျွန်ကလည်း မသိချင်ယောင်ဆောင်နေပြန်ပါပြီ.."

"စကားကို ဝေ့မနေပဲ လိုရင်းကိုသာ ပြော.."

"အကြောင်းရင်းက ရှင့်ကို ပြန်လိုချင်လို့!"

"ငါက မင်းမျက်လုံးထဲမှာ အဲ့လောက်ထိအပေါစားဆန်လား??မင်း မလိုချင်တဲ့ချိန် ပစ်ချပြီး အလိုရှိမှ ပြန်သုံးရတဲ့ အထိလေ...ငါက သက်မဲ့ ပစ္စည်းတစ်ခုလား??"

"ကျွန်မလည်း သိပါတယ်...ဒါပေမယ့် ကျွန်မရှင်းပြဖို့ အခွင့်အရေးကို ရှင်မပေးဘူးလေ..."

"ပြီးခဲ့တဲ့ သုံးနှစ်လုံးလုံးက အချိန်တွေ ဘယ်ရောက်သွားလို့ ဘာအခွင့်ရေးတွေ ထပ်လိုချင်နေတာလဲ??"

ဂျွန်က တစ်ဆိတ်ရှိ သုံးနှစ်လုံးလုံးဆိုတာနဲ့ပဲ ကိုင်ပေါက်နေတော့တာပဲ။
အဲ့သုံးနှစ်နီးပါး သူမ ဘယ်လိုနေခဲ့ရလဲ ရှင်မှ မသိပဲ။

Secretary KIM (completed)Where stories live. Discover now