#Unicode
"သူမလာဘူးတဲ့လား...?"ဆေးရုံခုတင်ပေါ်ကနေ အွန်းဟယ် လှမ်းမေးလိုက်တော့ သူမမန်နေဂျာက မျက်နှာပျက်စွာဖြင့် ခေါင်းကို အသာယမ်းသည်။
"အလုပ်မအားလို့ ဖြစ်မှာပါ...သိပ်လည်း တွေးမနေပါနဲ့...ကိုယ့်ကိုကိုယ်ပဲ နေကောင်းအောင်နေပါ..."
အကြောင်းစုံသိထားသော မန်နေဂျာဖြစ်သူကတော့ နှစ်သိမ့်ပေးကာ ပြန်ထွက်သွားခဲ့သည်။
ဝဲတက်လာသော မျက်ရည်အချို့ကို သူမ ထိန်းမရခဲ့ဘူး...
ပါးပြင်ပေါ်ပြိုကျလာတဲ့ မျက်ရည်အချို့မှာ သူမ နာကျင်မှုတွေပါသွားရင် သိပ်ကောင်းမှာ...။အသက်နဲ့အလျော်စားလုပ်ကြည့်ပေမယ့် ဂျွန်ကပြတ်သားစွာနဲ့ အနိုင်ပိုင်းသည်။
သေပါစေလို့တော့ ရည်ရွယ်ခဲ့တာပဲ....ကံတရားကတော့ သူမကို လွယ်လွယ်နဲ့ လက်လွှတ်ပေးချင်ပုံမပေါ်တာကြောင့် ကံကောင်းထောက်မစွာပင် အသက်ရှင်ခဲ့သည်။တစ်ခါတည်း သေသွားလိုက်ရောပေါ့...ဂျွန်မှ သူ့ကို မလိုချင်တော့တာကို ဘာတွေများထပ်ပြီး နာကျင်ခံစားရအောင် ဆွဲထားတာလဲ?
"သတိရနေပြီပဲ...ကျွန်မကို သိတယ်မလား?"
အသံနဲ့အတူတူ အခန်းထဲရောက်လာသူက ဂျွန့်ရဲ့ သူငယ်ချင်းဆိုသည့် ကောင်မလေး...
အွန်းဟယ် မျက်ရည်တွေကို သုတ်လိုက်ပြီး သူမကိုလည်း နှုတ်မဆက်မိ။
ကိုယ်နဲ့သူက နှုတ်ဆက်ရလောက်တဲ့ဆက်ဆံရေးမှ မဟုတ်ပဲ...။"အဆင်ပြေရဲ့လား? ဘာလို့များ ဒီလိုရူးမိုက်တဲ့ အလုပ်ကို လုပ်ရတာလဲ?"
"ငါ့အကြောင်းတွေကို ဝေဖန်ရလောက်တဲ့အထိ မင်းနဲ့ငါ မရင်းနှီးဘူးထင်တယ်..."
ထိုမိန်းခလေးက လှပစွာပြုံးသည်။
"သေချာတာပေါ့....ရှင်နဲ့ကျွန်မ မရင်းနှီးကြဘူး...ပြီးတော့ ရှင်က ဂျောင်ဂုကို နာကျင်အောင် လုပ်ခဲ့သူမို့ ကျွန်မ မုန်းတဲ့သူတွေထဲ ရှင်အပါအဝင်ပဲ.."
"ဒါဆို အခု ဘာလာလုပ်တာလဲ..?"
သူမက ခုတင်ခြေရင်းမှာ ရှိသည့် ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရင်း...
"ဘယ်လိုပြောရမလဲ?အခု ရှင်ခံစားနေရတဲ့ စိတ်မျိုးကို ကျွန်မလည်း ခံစားဖူးတာမို့ ကိုယ်ချင်းစာလို့ နှစ်သိမ့်ပေးဖို့ လာတယ်ပဲ ပြောရမလား?"
YOU ARE READING
Secretary KIM (completed)
Fanfictionဝမ်တစ်သောင်းတန်ကနေ စတင်ခဲ့သည့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်