#Unicode
"အတွင်းရေးမှုး ကင်မ်..!"
"ဟုတ်ကဲ့..!"
"အခန်းထဲ ခနလာအုန်း..!"
နေ့လည်စာစားပြီးလို့ စားပွဲမှာ ထိုင်ရုံရှိသေး မိမိနာမည်ကို ခေါ်သံကြောင့် ထယ်ယောင်း စိတ်လေသွားသည်။
ကိုကြီးကျယ်က ဘာကို စိတ်တိုင်းမကျပဲ အရစ်ရှည်အုန်းမယ်မသိ...ဒီ တစ်ပါတ်အတွင်းမှာပင် သူ့အပေါ် အတော်လေးကို ရစ်သည်။
အတွင်းရေးမှုး ကင်မ် ,အတွင်းရေးမှုး ကင်မ် ဆိုပြီး မရပ်မနားအော်ခေါ်ပြီး ခိုင်းတာလည်း နှစ်ယောက်မရှိ..."ကျွန်တော် ရောက်ပါပြီ.."
"အေး...ဒီပရောဂျက်ကို ဘယ်သူရေးတာလဲ.."
စားပွဲပေါ်ကို ဘုန်းခနဲ ပစ်တင်လိုက်သည့် ဖိုင်တွဲ...
"ကျွန်တော် ရေးတာပါ."
"ကောင်းပြီ...ငါက ဘယ်သူ့ကို ခိုင်းခဲ့တာလဲ..?"
"အဖွဲ့မှုးကိုပါ.."
"အေး...အဲ့ဒါကို သိသိရက်နဲ့ မင်းလုပ်ချင်တာ လုပ်နေတာလား..?"
"အဲ့ဒီလို မဟုတ်ပါဘူး....အဖွဲ့မှုးက သူ့အမေနေမကောင်းတာကြောင့် အိမ်ကို စောစောပြန်ရမယ် ပြောလို့....ကျွန်တော်က ကူညီပေးတာပါ...ပြီးတော့ အဖွဲ့မှုး ရေးထားတာကို ကျွန်တော်ကသေချာပြန်စစ်ပြီး print ပေးရုံပါပဲ.."
ဂျောင်ဂု တကယ် စိတ်တိုသည်။
အလုပ်ကို ပေါ့ပျက်ပျက်တွေးပြီး လုပ်တာလောက် သူ စိတ်တိုင်းမကျတာ မရှိပါ။
မင်ဂျွန်းဆိုတဲ့ကောင် ပြောတဲ့စကားကိုတော့ဒင်းက အသစ်မို့ ယုံချင်ယုံလိမ့်မယ်...။
ဟိုက သူ့ကို ဂျင်းထည့်သွားတာ...ဂျောင်ဂု အတွက်ကတော့ ရိုးနေပြိီ...အဲ့ကောင်က သူလုပ်ရမှာပျင်းတိုင်း ဂျီမင့်ကို ထိုးချနေကြ...
ဂျီမင်ကို သူကြိမ်းလွန်း၍ မလုပ်ပေးတော့တာမို့ ထယ်ယောင်းဆီမြှားဦးလှည့်ခြင်းပင်...။"ဘာဖြစ်လို့လဲ... ?တစ်ဖွဲ့တည်းသားချင်း ကူညီပေးလို့ မရဘူးလား..?"
"ဘာ..!"
"ဟုတ်တယ်လေ...ဘယ်လိုပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက် အချင်းချင်းတွေပဲကို!"
YOU ARE READING
Secretary KIM (completed)
Fanfictionဝမ်တစ်သောင်းတန်ကနေ စတင်ခဲ့သည့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်