ch 10

15K 446 12
                                    

Unicode

"ဟော ထူးထူးဆန်းဆန်းပါလား ကီ ဒီနေ့ဘာစိတ်ကူးတွေပေါက်နေလဲ "

သူမကကျွန်တော်ပေးတယ့် အအေးခွက်ကိုကိုင်ကာမယုံသင်္ကာဟန်ဖြင့်မေးလာသည်။ ကျွန်တော့်လက်ထဲမှာလဲ သူမဆီကလက်ပြောင်းယူထားတယ့် အထုတ်တွေရှိနေ၏။

"ဒီတိုင်းပဲ ကျွန်တော်ဒီတိုင်းပဲမမမောနေမှာစိုးလို့."

ဒါကတကယ်ကျွန်တော့်စိတ်ရင်းပဲဖြစ်သည်။သူမအကြောင်းသိလိုက်ရပြီးနောက်မှာကျွန်တော် ဆုံးဖြတ်ချက်တချို့ချခဲ့မိသည်။ ဘာမှလုပ်စရာမလိုပဲ သူမရဲ့လိုအပ်ချက်လေးတွေနည်းနည်းလုပ်ပေးရုံနဲ့ တစ်လ၁၀သိန်းဆိုသောငွေပမာဏရပြီးဖြစ်သည့်အတွက် အရင်ကထက်သူမအပေါ်စိတ်ရင်းနဲ့ကူညီပေးမည်ဟုဆုံးဖြတ်ခဲ့သည်။ ကျွန်တော်နဲ့နေရတာ၁နှစ်လေးပဲဖြစ်ပါစေဦး ထိုတစ်နှစ်အတွင်းသူမကိုအနည်းငယ်ပျော်ရွှင်သက်သာစေချင်သည်။

ဘာလို့လဲလာမမေးပါနဲ့ ကျွန်တော်လည်းမသိပါ။ သူမပြောသလို ကျွန်တော်ကသူမမောင်လေးအရွယ်ပဲလေ ဒါ့ကြောင့် လောကကြီးမှာဆွေမျိုးသားချင်းမရှိတော့တယ့်တစ်ဦးတည်းသောသားသမီးဖြစ်တယ့်ကျွန်တော်တို့အချင်းချင်းမောင်နှမလိုသဘောထားလို့ရတာပဲမဟုတ်ဘူးလား။

သူမကကျွန်တော့်စကားကိုသဘောကျစွာမျက်ခုံးတစ်ဖက်ပင့်ပြီး ရယ်သည်။

"ကီ မဆိုးဘူး မင်းတောင်ပြောတတ်လာပြီ တို့မင်းအတွက်နောက်မှလက်ဆောင်ပေးမယ်"

သူမကပြောရင်းဖန်ခွက်ကိုမြှောက်ကာသောက်ဟန်ပြုလိုက်သည်။

ဒါ ပေ မယ့် နှုတ်ခမ်းနားရောက်ခါနီးမှာပဲ ရုပ်ကိုပြန်တည်လိုက်ပြီး ကျွန်တော့ကိုကြည့်လာတယ်

"ကီ မင်းဒီထဲမှာဘာမှတော့ထည့်မထားဘူးမလား?"

သူမအမေးမှာ ကျွန်တော်ဒေါသတွေထောင်းခနဲထသွားရသည်။ ကျစ်! ဒီမိန်းမကစေတနာနဲ့ကိုမတန်ဘူး။ ဒါပေမယ့်တစ်ဆက်ထဲမှာပဲ ချမ်းသာပြီးပိုက်ဆံရှိသူတွေရဲ့သူတို့အသက်ကိုခြိမ်းခြောက်ခံရမှုတွေနဲ့သူမရဲ့ဘဝမှာလူသိရှင်ကြားရှိဖူးသောအသက်ဘေး၂ခုကိုပြန်စဥ်းစားမိတော့ ဒေါသကိုရေနဲ့ငြိမ်းသလို ငြိမ်းကျသွားရသည်။

Differences (Completed)Where stories live. Discover now