extra

15.4K 354 68
                                    

လက်ထပ်ပြီးတယ့်နောက်နဲ့လက်မထပ်ခင်က ဘာတွေကွာခြားသွားလို့လဲ လို့ တစ်စုံတစ်ယောက်က ကျွန်တော့်ကိုလာမေးရင် ကျွန်တော်ကတော့

"အင်းးး ကွာခြားတာပေါ့ဗျ!"

လို့အော်ပြီးပြန်ဖြေရလိမ့်မယ်။ ကျွန်တော့်မမနဲ့ကျွန်တော်က သိပ်ချစ်ကြတယ့်သူတွေဖြစ်ပေမယ့် ကျွန်တော်တို့အတွဲဟာလည်းပြီးပြည့်စုံမနေပါဘူး။ ကျွန်တော်တို့မှာ ကတောက်ကဆဖြစ်ရတယ့်အခိုက်တန့်တွေအများကြီးရှိခဲ့တယ်လေ။ နောက်လည်းရှိနေဦးမှာပဲဖြစ်တယ်။ ဥပမာအားဖြင့် ကျွန်တော်က သူမအားညဘက်ခေါင်းလျှော်ခြင်းကိုမကြိုက်ဘူး။ ဒါကလည်းမမအတွက်ပါ။ သူမကအခုဆံပင်ရှည်ကြီးဖြစ်နေပြီလေ။ အရင်ကလိုတိုနှံ့နှံ့ကေနဲ့မိန်းကလေးမဟုတ်တော့ဘူး။ ဒါပေမယ့် လုပ်ချင်ရာလုပ်တတ်တယ့်သူမက လျှော်တယ်လေ ။ ဒီပြသနာက ဖြစ်ထားတာသိပ်မကြာသေးတာမို့ ခင်ဗျားတို့ကိုပြောပြတာ။

ကျွန်တော်ဆူတော့သူမကအဆူမခံဘူး။
:မမကမင်းထက်အကြီး လာဆူမနေနဲ့!:ဆိုပြီးအသက်နဲ့ကိုင်ပေါက်ပြီးကျွန်တော့်ကိုပြန်အော်တယ်လေ။ ဘယ်ရမလဲ ကျွန်တော်ကလည်း အိမ်ထောင်ဦးစီးဆိုတယ့် ဂုဏ်ပုဒ်နဲ့ယောက်ျားပြောစကားနားထောင်ရမယ်ဆိုပြီးပြန်အော်တာပေါ့။ အဲ့မှာစတာပဲ။ သူမရဲ့နှုတ်ခမ်းပါးပါးလေးတွေက သိပ်သွက်တာ။ အရင်ကခံစားရတာတွေကိုထုတ်မပြပဲ မြိုသိပ်ခဲ့တုန်းကသူမခံစားရတာတွေအကုန်ထုတ်ပြောဖို့ကျွန်တော်က အလိုရှိခဲ့တယ်။ အခုတော့သူမရဲ့အဲ့နှုတ်ခမ်းပါးလေးတွေက ပွတ်သွပ်ပွတ်သွပ်နဲ့ gender equality အကြောင်းတွေကိုဦးတည်ပြီး ကျွန်တော့်ကိုပြန်နှိပ်ကွပ်တယ် ။ ကျွန်တော်တို့ အချင်းချင်းစကားရည်လုနေကြရင်း နောက်တော့ ဆင်ဆာဖျက်တယ့်စကားလုံးတွေထိပါgenderနဲ့ပါတ်သက်ပြီးရောက်သွားကြတယ် ဘယ်သူမှမရည်ရွယ်မိခဲ့ကြဘူး။ နောက်တော့မှ ၂ယောက်သားပြန်သတိမူမိပြီး အခုကလေးတွေလိုစကားရည်လုနေမိတယ့်အဖြစ်ကိုတွေးမိရင်း ရယ်မိကြတယ်။ အဆုံးမှာတော့ ဒီစကားရည်လုတယ့်ပွဲက ပြီးဆုံးသွားပါတယ် ။ သူမရဲ့အဲ့ဆံပင်ရှည်တွေကို ကျွန်တော်ကိုယ်တိုင်သီချင်းရေးနေလက်စကိုဖြတ်ပြီး dryerနဲ့သွားမှုတ်ပေးလိုက်တယ့်အခါမှာပေါ့ ။ အဆုံးသတ်မှာတော့ ကျွန်တော်တို့ပြေလည်သွားပါတယ်။ အိပ်ယာပေါ်မှာတော့ချွေးအနည်းငယ်ထွက်သွားကြတယ်လေ။ သို့ပေမယ့် သူမက အဲ့အချိန်မှာတော့ လုံးဝနာခံလွယ်တယ့် ကလေးမလေးအဖြစ်ရှိနေတုန်းပါပဲ။ ဒါကတော့ အရင်ကနဲ့တူညီတယ့်အချက်ပင်ဖြစ်၏။

Differences (Completed)Where stories live. Discover now