ch51

9.7K 296 16
                                    

"မမ တစ်ယောက်ထဲကျန်နေခဲ့မှာ ကျွန်တော်စိတ်မချဘူးကွာ ဒီနေ့မှလည်းFan meetingကရှိနေတယ် ဘယ်လိုလုပ်ရမလဲ ကျွန်တော်ကမမနားမှာပဲနေချင်နေတာ မမကိုလွမ်းခဲ့ရတာတွေအတွက်အတိုးနဲ့အနားမှာနေချင်ပါတယ်ဆိုကွာ"

ကောင်လေးက စားသောက်ပြီးတော့ကိုယ့်နားကပ်နေပေမယ့်ကောင်လေးရဲ့ဖုန်းကတ
ဂွမ်ဂွမ်မြည်နေတာကြောင့် ကောင်လေးကမကိုင်ပေမယ့်ကိုယ်ကအတင်းမေးတော့မှ ဖြေလာသည်။ ကြည့်ပါဦး အဆိုးလေးကခုထိအကျင့်မဖျောက်သေးဘူး။ သနပ်ခါးလေးတွေကြားရင်စိတ်မကောင်းလိုက်မယ့်ဖြစ်ချင်း။

"အဲ့လိုမလုပ်ရဘူးလေ ကီရဲ့ သွားသွား အဝတ်လဲချေ မမကမင်းဘေးမှာအမြဲရှိနေမှာပဲကို မင်းကိုချစ်တယ့်တခြားသူတွေအတွက်လည်းအချိန်ပေးလိုက်ပါ နော် ဒီလိုမဆိုးနဲ့
"

ကိုယ်ကဖြောင်းဖျတော့မှကောင်လေးရဲ့မသွားချင်သွားချင်မျက်နှာက တွန့်ဆုတ်ဆုတ်ဖြစ်စွာပဲ သူ့မန်နေဂျာကိုဖုန်းဖြေတော့တာဖြစ်သည်။ သိပ်မကြာခင်ပြီးတော့မယ် လာခဲ့လို့ကောင်လေးဆီကစကားအားကြားလိုက်ရပါသည်။

"မမ..."

ကောင်လေးရဲ့Puppy eyesတွေကဘာပြောချင်နေတာလဲသိတာမို့

"မမကိုလိုက်စေချင်နေတာလားကီရဲ့ သူတို့လေးတွေကျေနပ်ကြမှာမဟုတ်ဘူးလေ သွားပါ မမလည်းကီမရှိတုန်း အလုပ်ကိစ္စလေးတွေလုပ်လို့ရတာပေါ့ ဘယ်မှမဝင်ဘဲသာအိမ်တန်းပြန်ခဲ့"

ကောင်လေးက ထိုအခါမှအလျှော့ပေးကာ အခန်းထဲဝင်ပြီးအဝတ်လဲဖို့သွားပြင်တော့တာဖြစ်၏။ ကိုယ်ဧည့်ခန်းမှာရှိနေတုန်းလူခေါ်ဘဲလ်ကမြည်သံကြောင့်ပြောစရာမလိုအောင်ဒါကောင်လေး၏ မန်နေဂျာဖြစ်မှန်းရိပ်မိလိုက်၏။

"အစ် ..အစ်မက"

ကိုယ်တံခါးဖွင့်ပေးလိုက်တာနဲ့ အံ့အားသင့်နေတယ့်ကောင်လေးရဲ့မန်နေဂျာလေးက ကိုယ့်အားငေးစိုက်ကာပြော၏။ကိုယ်ဘာမှမပြောရသေးခင်မှာပဲ ရုတ်ချည်းမျက်နှာအမူရာပြောင်းလဲသွားပြီး

"မဟုတ်မှ အမက ကိုသွေးရဲ့မမဆိုတာလား"

ကိုယ်ကအပြုံးနဲ့ခေါင်းညိတ်လိုက်တော့ အံ့အားတကြီးမေးလိုက်တယ့်ဒီမန်နေဂျာလေးကပိုအံ့အားသင့်သွား၏။ ကြည့်ရတာကောင်လေးကမန်နေဂျာအသစ်ခန့်ထားပုံပါပဲ။ ကိုယ်ရှိတုန်းက ကောင်လေးရဲ့မန်နေဂျာကအမျိုးသမီးတစ်ဦးဖြစ်၏။ ဒီကောင်လေးကတော့ကောင်လေးထက်အနည်းငယ်ပင်ငယ်မယ့်ပုံပေါ်သည်။

Differences (Completed)Where stories live. Discover now