ch38

13.3K 319 31
                                    

မနက်၄နာရီကျော်မှ ပြီးသောအချစ်တိုက်ပွဲအဆုံးမှာတော့ အားလုံးဝမရှိတော့သောသူမကိုရေချိုးခန်းထဲ ကိုယ်တိုင်ပွေ့ချီပြီး သန့်စင်ပေးလိုက်ပြီး ပေပွနေသောအိပ်ယာကြောင့် ကျွန်တော့်အခန်းဆီသို့သာ ပြန်အိပ်ကြသည်မှာ မနက် ၉နာရီလောက်မှ ၂ယောက်သားနိုးကြသည်။ သူမကကြိုတင်စီစဥ်ထားသည့်ဟန် ရုံးပင်သွားစရာမလိုပါ။ ကျွန်တော်ကသာ ကျောင်းတစ်ရက်ပျက်လိုက်ပြီး အားပျက်ထားသောသူမအားပြန်ပြည့်အောင် တနေကုန်ချက်ပြုတ်ကျွေးရတော့တာပဲဖြစ်၏။

နှီးနှောပြီးသားမို့ ယခုဆိုသူမနဲ့ပိုလို့နီးစပ်သွားသည်ဟုပင်ခံစားမိသည်။ သူမကတော့ တခါတလေ မျက်နှာခပ်ရဲရဲပေမယ့်လည်း သူမလည်းကျွန်တော့်လိုပဲဆိုတာကိုကတော့မပြောလဲသိနေ၏။

"ဟေ့ရောင် ငသွေး ဘာတွေငေးနေလဲ "

ဖက်တီးကဇာတ်ပိုးတစ်ချက်အုပ်လိုက်ကာ ကန်တင်းက စားပွဲဝိုင်းထဲဝင်လာ၏။

ဟုတ်သည်။ ယခုချိန်မှာတော့ ကျွန်တော်ဟာကန်တင်းမှာရောက်နေတာဖြစ်ပြီး ပြောစရာမလိုအောင် ဘေးဝိုင်းတွေမှာ ဓာတ်ပုံခိုးရိုက်နေသောမိန်းကလေးတွေကနေရာယူထားတာပဲဖြစ်၏။ မထင်မှတ်ထားပဲ ခုဆို ကျွန်တော်က Celeတစ်ယောက်ပင်ဖြစ်နေပြီ။ gameလောက်ပဲသေချာဆော့ပြီး social mediaတွေကိုအပျင်းပြေတခါတလေမှသာသုံးသောကျွန်တော်ဟာ သူငယ်ချင်းတွေပြောပြမှ fbပေါ်မှာ fan pgတွေ fan gpတွေရှိနေမှန်းသိရသည်။ ဒါ့ကြောင့် တရိပ်ရိပ်တိုးလာတယ့်fri requestတွေကိုရှင်းထုတ်ပစ်နေရတယ့်ကျွန်တော့်လက်ဟာလည်းညောင်းလို့နေပြီဖြစ်၏။ မကောင်းတတ်လို့ အေးဆေးနေတတ်ပေမယ့် မသိပဲလက်ခံထားရတာလဲ limitကျော်သွားပြီဖြစ်၏။ ထို့အပြင် messengerကိုပါ ဖျက်ပြစ်ထားရသည်အထိ ဖုန်းက စာတွေအရမ်းများလာ၏။

ပုံတွေရိုက်ပြီးသိပ်တင်လေ့မရှိသောကျွန်တော်ဟာ fan pgတွေ gpတွေမှာဆိုရင်တော့ အလှပုံတွေရောsnapပုံတွေပါများစွာရှိ၏။ ဘာကောင်မှမဟုတ်သေးပေမယ့် သူတို့လေးတွေပေးထားတယ့်နာမည်ကလည်းအရယ်ရသား။ ကျောက်ပျဥ်တယ့်လေ။

သွေးတာလည်းပါတယ် ပြီးတော့ ထုရင်တောင်မကွဲတယ့်ရုပ်တည်ကြီးနဲ့မို့တယ့်။ တည်လွန်းလို့ ကျောက်ပျဥ်ဟုပေးထား၏။ သူတို့ကိုယ်သူတို့တော့ သနပ်ခါးလေးတွေအဖြစ်သုံးနှုန်း၏။  ချစ်ဖို့တော့ကောင်းလွန်း၏။

Differences (Completed)Where stories live. Discover now