ch24

13.6K 374 23
                                    

Unicode

မမ  မရှိတယ့်ရက်တွေကတကယ် ခြောက်ကပ်ပါသည်။ အရင်ကလည်းတွေ့ဆုံချိန်က ညနေပိုင်းနဲ့ညပိုင်းလေးတွေပဲရှိပေမယ့် သူမနဲ့တွေ့ရဦးမယ်ဆိုတယ့်အသိကြောင့် လူကပျော်ရွှင်ကာနေလို့အရမ်းကောင်းပါသည်။

"ဟေ့ကောင် ကိုသွေး လဒမှိုင်မှိုင်နေတာ ဘယ်နှစ်ရက်ရှိပြီလဲ ခွေးကောင်မသိရင် မယားပူမိနေတယ့်ရုပ်နဲ့ ဘာဖြစ်နေတာလဲ"

ဖက်တီးကခေါင်းအားနောက်ကနေတစ်ချက်ရိုက်လိုက်ကာပြောသည်။

"အေးလေ ကွာ မင်းဟာကြီးကလည်း"

နောက်ကရောက်လာသော ငစားတို့လင်မယားကလည်းသူ့ကိုနှိပ်ကွပ်သည်။

"မသိရင် စော်ရှိတာလိုလိုနဲ့"

ဒင်းတို့လင်မယားဟာလေ တကယ်အာရုံနောက်ရတယ် လူရှေ့သူရှေ့လည်း roပြရတာနဲ့ တကယ့်ကျက်သရေတုန်းအတွဲ။ လိုက်လည်းလိုက်တယ်။ ယောက်ျားဖြစ်သူက အစဖော်လိုက်ရင် မိန်းမဖြစ်သူက အဆုံးသတ်ကိုနာနာရိုက်ချလိုက်ရမှ။ စိတ်ထဲရှိတယ့်တိုင်းဆို

:ရှိပါ့ ရှိတာမှ ရင်နဲ့တောင်မဆံ့ဘူး:

လို့ပြောလိုက်ချင်တယ်။ သူမကိုသဘောကျရုံပဲဟုတ်သေးရဲ့လားဟုတောင်ကိုယ့်ကိုကိုယ်အတွေးဝင်လာရသည်။ အစကနဲ့ခြားနားစွာ သူမကိုတဖြည်းဖြည်းအတွေးထဲကပါမထုတ်နိုင်ဖြစ်ရသည်။ သူမဆီနစ်ဝင်နေတာစိတ်တခုထဲတင်မဟုတ် ကိုယ်ကပါနစ်ဝင်နေပြီ။ သူမနားရောက်ရင် အလိုက်မသိတယ့် နှလုံးက ခုန်ချင်တာလိုလိုနဲ့။ ဒါ့အပြင် သောက်ကျင့်မကောင်းတယ့်နှုတ်ခမ်းကလည်းသူမလေးရဲ့ကိုယ်ကိုအမြဲထိချင်နေသေးသည်။ ဒီကြားထဲ မိတ်ဆွေတွေ့သွားတယ့်လျှာကလည်း နမ်းနေရင် သူမရဲ့လျှာမလေးကိုသွားနှုတ်ဆက်လိုက်ရမှ။ လက်ကလည်းအညိမ်မနေ သူမလေးရဲ့ကိုယ်ကိုထိလိုက်ရမှ။ ဒါတောင်တခါတလေ ဒီကောင်(လက်)ကနယ်ကျော်ချင်နေတာမို့ ကိုယ့်မှာ မနည်းထိန်းနေရသည်။ ဒီကြားထဲအဆိုးဆုံးကတော့ သေချာသိပ်ထားရဲ့သားနဲ့ နိုးနိုးလာတတ်တယ့် အငယ်ကောင်ပဲ။ ခုထိသူမမသိသေးတာပဲ ​ကောင်းပါတယ်။ တော်ကြာသူမရှေ့မှာ မျက်နှာတောင်ပြရဲမှာမဟုတ်။ သူမကခုချိန်ထိကိုယ်ကလွဲပြီးဘယ်ကောင်နဲ့မှထိတွေ့ဖူးတာကမဟုတ်။ တကယ်ပါ သူမကိုလက်ထပ်ဖြစ်အောင်ကိုလက်ထပ်မယ် သူမကိုတနေ့တခြားလိုချင်လာတာကအခက်သား။

Differences (Completed)Where stories live. Discover now