ch 17

13.5K 403 9
                                    

Unicode

ညနေပိုင်းကတော့ လွယ်ကူစွာပဲ သူမကြိုက်တယ့်spicyလုပ်စားဖြစ်သည်။ supermerketဝင်ရင်း ၃ခွေထဲရှိတယ့်comedyကားကြီးလှည့်ပတ်ကြည့်နေသောသူမအတွက်အသစ်ဆန်းဖြစ်စေရန် ရသစုံ ဇာတ်လမ်းခွေကြီး၁၀ခွေဝယ်လာခဲ့သည်။ horror romance အစုံပင်။ ဒါတွေကျွန်တော်ဝယ်တုန်းကဆိုသူမက

"ဒီလောက်အများကြီး"

ဟုတအံတသြပြောသေးသည်။

ထည့်ထားသော အေးစက်စက် romanceခွေကိုကျွန်တော်ရောသူမပါ စားသောက်ရင်း
ကြည့်နေ၏။ နေ့လည်က ကျွန်တော်သူမကိုနမ်းပစ်ခဲ့ခြင်းအပေါ် သူမမှ ဘာမှထပ်မပြောပေ။
ထို့ပြင် ကျွန်တော့်ကိုလည်းသိပ်စကားမပြောတော့တာကြောင့် ကျွန်တော်နေရခက်၏။

"စိတ်ဆိုးနေလား"

Tvကြည့်ရင်းကျွန်တော်လှမ်းမေးလိုက်သည်။

"ဟမ် ဘာကို"

သူမက ခေါက်ဆွဲပလုတ်ပလောင်းဖြင့် ကျွန်တော့်ဘက်လှည့်ပြီးမေးလေသည်။

"ကျွန်တော် နေ့လည်က "

ကျွန်တော့်စကားမဆုံးသေးသူမကအလျင်အမြန်ပင်

"သြော် ဒါလား ထားပါတော့ တို့လန့်တော့လန့်မိတယ်"

သူမက Tvဘက်သို့ပြန်ကြည့်ရင်းပြန်ပြောလိုက်တော့

"လန့်တယ် "

"အင်း အသက်ရှူကြပ်တယ် တို့မကြိုက်ဘူး "

ဒါပေမယ့်ကျွန်တော်ကြိုက်တယ်မမလို့ ပြန်ပြောဖို့ကိုပါးစပ်ကမထွက်။

"ဒါပေမယ့်လည်း တို့နားလည်ပါတယ် သမီးရည်းစားတွေဆို နမ်းကြတယ်ဆိုတာ မနေ့ကမင်းကတို့ရည်းစားဖြစ်သွားတာကြောင့် တို့ဘာမှမပြောလိုပါဘူး"

သူမရဲ့ဆိုလိုရင်းကိုသိပ်နားမလည်ပါ။ သူမလက်ခံတယ်ဆိုတယ့်သဘောလား။ ဟား။

"တို့မင်းကိုအားနာတယ် မင်းတို့လိုလူတစ်ယောက်ကိုသည်းခံပြီးရည်းစားတော်ရမှာကို အကယ်၍ မင်းမလုပ်ချင်.."

"ကျွန်တော်မလုပ်ချင်ဘူးမပြောပါဘူးမမ "

ရုတ်တရက်ဖြတ်ပြောလိုက်တယ့်ကျွန်တော့်ကိုသူမကကြောင်အစွာကြည့်သည်။

Differences (Completed)Where stories live. Discover now