ch40

11.5K 300 10
                                    

မနေ့ညကဘာမှမလုပ်နိုင်ဘဲအိပ်ပျော်သွားရတယ့်အတွက်ကိုယ်ဟာ  အစည်းအဝေးမှာ နည်းနည်းကသိကအောက်ဖြစ်ရ၏။
အမြဲအမှားယွင်းမရှိဖူးတယ့်ကိုယ်ဟာ ဒီတခါမှားယွင်းသွားလေပြီ။

အစည်းဝေးအပြီးရုံးခန်းထဲ မှေးနေခိုက် တံခါးခေါက်သံကြောင့် ပြောစရာမလိုဇီဆိုတာသိ၏။

"ဝင်ခဲ့ဇီ"

ကိုယ့်အတွင်းရေးမှူးမလေးဆိုတံခါးကို၃ချက်ခေါက်ပြီး ဇီကတော့ ၂ချက်ပင်ခေါက်၏။ တခါတလေ ၁ချက်လောက်သာဖြစ်၏။

"ပြော..."

ကိုယ်ကအညောင်းဆန့်လိုက်ပြီး ခုံပေါ်ကကော်ဖီချောင်းတစ်ထုပ်ကိုဖောက်ကာဖန်ခွက်ထဲထည့်လိုက်တယ်။

"မမလေးစုံစမ်းခိုင်းထားတယ့်ကိစ္စ..."
ဇီ့စကားမှာ ရေပူထည့်နေတယ့် ကိုယ့်လက်ဟာခနတန့်သွား၏။ နောက်မှ ဆက်ထည့်လိုက်ကာ

"ဆက်ပြော..."

ကိုယ်ကော်ဖီကိုမွှေနေတုန်းမှာပဲဇီက

"Mr.joelနဲ့မဆိုင်ပါဘူး"

ကိုယ်ကကော်ဖီကိုတစ်ငုံသောက်လိုက်ရင်းပဲ ခုမှနည်းနည်းကြည်သွားသောခေါင်းတို့နဲ့အတူ

"ဆိုတော့.."

"ဟုတ်ပါတယ် မာယာမယ်ပါ"

"အဟက် ခုအသက်ကိုပါရန်ရှာနေပြီလား အဟင်း "ကိုယ်ရယ်မောလိုက်ပြီး ဆိုဖာပေါ်ပြောင်းထိုင်ကာ ဇီ့ကိုပါထိုင်စေ၏။

"ပြောပါဦး သူငါ့ကိုဘာလို့လုပ်ကြံသလဲဆိုတယ့်ဖြစ်နိုင်ချေတွေကို"

"၂ချက်ကြောင့်ပါ"

ကိုယ်ကမျက်ခုံးတွေပင့်လိုက်ပြီးအဖြေကိုစောင့်၏။

"ပထမတခုက ဦးရန်ညီကြောင့်..."

ကိုယ်ကဇီ့စကားမှာရယ်မောလိုက်ပြီး

"ဇီရယ် သူကဟို၂လလေးကမှ သူဌေးတစ်ယောက်နဲ့ယူလိုက်တာမလား ဦးရန်ညီကြောင့်ဆိုတယ့်အချက်က ပြီးဆုံးသွားလောက်ပါပြီ"

ဇီကခေါင်းခါကာ

"မမလေးရဲ့အမက ဘယ်လိုလူမျိုးလဲ မမလေးမေ့နေတာလား အဲ့အချက်ကိုလဲထည့်မစဥ်းစားလို့မဖြစ်ဘူးလေ"

Differences (Completed)Where stories live. Discover now