ch52

10.1K 287 8
                                    

လွန်ခဲ့တယ့်ရက်က ၂ဦးသား Fanky၏ကိစ္စနဲ့ပြောလိုက်ဆိုလိုက်လုပ်နေရာမှ နောက်ဆုံးတော့ ကောင်လေးကကိုယ့်အားအလျှော့ပေးလိုက်၏။ လုံးဝဖျက်သိမ်းတာမျိုးတော့မလုပ်ရဘဲ လုပ်ငန်းတခုလုံးကို တခြားတစ်ဦးအားလွှဲပြောင်းရောင်းချလိုက်ခြင်းပင်။
ကိုယ်ကအခုမှပျော်ရွှင်သွားတယ့်ကလေးလေးလိုကီ့အားချွဲတော့တာဖြစ်၏။ ဒါတောင်ကောင်လေးက fankyတွင်ရှယ်ယာအများဆုံးထည့်ဝင်လိုက်၏။

ယခုရက်ပိုင်းသတင်းများ၏ခေါင်းစည်းတွင်တော့ထိုအကြောင်းရာများကသာကြီးစိုးနေလေ၏။ အိမ်နီးချင်းနိုင်ငံများကပင်သတင်းများ၌ဖော်ပြကြသည်။ ကောင်လေးက အနီးနားရှိနိုင်ငံများထိပါFanအင်အားကတောင့်တင်းသူဖြစ်၏။

ကိုယ်ကငွေကြေးများအားဘဏ်တွင်အပ်နှံကာယခုမှလူ့ဘဝထဲစရောက်မည့်ကလေးလိုပျော်ရွှင်နေတာဖြစ်၏။

"မမအရမ်းပျော်နေတာပဲလား နောင်တမရမှာသေချာတယ်နော်"

ကောင်လေးရဲ့အမေးစကားတို့ကိုကိုယ်က လျင်မြန်သောနှုန်းနဲ့ကောင်လေးအားနမ်းရှိုက်ပြီး

"ဒါပေါ့ မမဘဝမှာလုပ်ချင်တာလုပ်လိုက်ရလို့ပျော်ရွှင်ဖူးတာဒါပထမဆုံးပဲ"

ကောင်လေးကပျော်နေတယ့်ကိုယ့်အား အစားပိုပျော်နေပုံရ၏။ လူကြီးဆန်ချင်နေပေမယ့်ကိုယ်အနားမှာပိုရှိတော့မှာမို့ကောင်လေးသိပ်ပျော်နေတယ်ဆိုတာ ထိုမှင်ရည်နက်နက်မျက်ဝန်းများမှတဆင့်ကိုယ်ကအသေချာသိရှိပြီးဖြစ်၏။

ဒီနေ့မှာတော့ အလုပ်အားနေတယ့်ကောင်လေးနဲ့အတူကိုယ်က မီးဖိုချောင်ဝင်နေ၏။ လုပ်စရာများဦးနှောက်ထဲဘာမှမရှိတော့
ခြင်းကနေလို့အတာ်ပင်ကောင်းသည့်အရာဖြစ်၏။ အရင်ကဆိုလျှင် ပျော်နေရ
ပေမယ့်
:လုပ်စရာရှိသေးတယ် ငါ့မှာအလုပ်တွေရှိသေးတယ်: ဆိုတယ့်အတွေးတွေကကိုယ့်ခေါင်းထဲပေါက်ပေါက်ဆုပ်လိုဖွာလန်ကြဲနေပြီး စိတ်လွတ်လက်လွတ်မပျော်ရဖြစ်နေ၏။
ကိုယ်ပျော်နေတယ့်ပုံကြည့်ပြီး ကောင်လေးပြောတယ့်စကားက

"မမက အရမ်းပျော်နေတာပဲ ကြည့်စမ်း ကျွန်တော့်ကြောင့်ဆိုတာရောဟုတ်ရဲ့လား ကလေးဆိုးလေး နာမည်ယူသုံးတာမလား"

Differences (Completed)Where stories live. Discover now