ch22

13K 381 12
                                    

Unicode

ဘာလိုလိုနဲ့ ကျွန်တော်ကျောင်းတက်ရတာတောင် ၁ပါတ်ပြည့်တော့မည်။ သူမကစောစောသွားရသူမို့ ကျွန်တော့်ဘာသာနောက်မှအေးဆေးသွားလေ့ရှိသည်။ သူမကအစက ကျွန်တော့်အား ကျောင်းသွားဖို့ကို ကားတစ်စီးဝယ်ပေးဖို့လုပ်နေသေးသည်။ကျွန်တော့်မှာ စိတ်ဆိုးသည်အထိ ငြင်းလိုက်လို့ နောက်ဆုံးတော့ဆိုင်ကယ်ပဲ ဝယ်ပေး၏။
ဆိုင်ကယ်တောင် ကျွန်တော်ကနောက်ဆုံးပေါ်ထဲကလုံးဝမရွေးပါ။

ထူးဆန်းသလိုကြီးဖြစ်နေမှာပေါ့။ သာကီသွေးဆိုတယ့်ကောင် မိဘတွေဆုံးပြီး လွင့်ချင်တိုင်းလွင့်ပြီး ချက်ချင်းကြီး သူဌေးသားလိုပြုမူရင် လူတွေရဲ့အတင်းတွေရှိလာမည်။ မိန်းကလေးတွေကတော့ မိုက်လိုက်တာ ဘာညာကြိုက်ရုံပဲရှိမည်ဖြစ်ပေမယ့် ယောက်ျား
လေးတွေမနာလိုရင်ထွက်တယ့်အသံကအဆိုးဆုံးမို့ ကျောင်းသွားရင်တောင်သူမဝယ်ပေးတယ့်ထဲက စျေးအနည်းဆုံးနဲ့ကျွန်တော့အဝတ်ဟောင်းတွေကိုသာဝတ်နေရသည်။ သူမသိရင် စိတ်ဆိုးလိုက်မယ့်ဖြစ်ချင်း။

"ဟား ပင်ပန်းလိုက်တာ"

ဒီနေ့တော့သူမကတော်တော်ပင်ပန်းလာပုံရကာ အခန်းထဲရောက်တာနဲ့ အိပ်ယာပေါ်ဝမ်းလျားထိုးကိုမှောက်အိပ်တော့တာဖြစ်သည်။ သူမရဲ့လက်တစ်ဖက်ကလည်း မမှီတမှီနဲ့ သူမရဲ့ခါးတွေကိုလှမ်းနှိပ်နေသောမြင်ကွင်းမှာ ဘယ်လိုပြောရမလဲတော်တော် ကို့ရို့ကားယားနိုင်လွန်းပါ၏။

ကျွန်တော်က သူမဘေးမှာ မွေ့ယာကိုနစ်ဝင်သွားအောင်ကိုထိုင်လိုက်ပြီး သူမရဲ့ခါးတို့အား မနှိပ်တတ်နှိပ်တတ်နဲ့နှိပ်နယ်ပေးလိုက်၏။

"အင်း..."

သူမကအဆင်ပြေသွားပုံပင်။

"မမကျွန်တော်နှိပ်ပေးတာအဆင်ပြေလား"

ကျွန်တော့်အမေးကိုသူမက ဗလုံးဗထွေးအသံတချို့ပြုကာပြန်ဖြေသည်။ ကျွန်တော်သေချာငုံ့ကြည့်လိုက်တော့ သူမကမျက်လုံးတို့ပိတ်ကာ အိပ်ပင်ပျော်ကာနီးနေပြီ။ စစချင်းတုန်းက သူမကလန့်သွားပုံနဲ့ အနည်းငယ်ကိုယ်ကတွန့်သွားသေးသည်။အခုတော့သူမက စိတ်ချလက်ချအိပ်ပျော်သွားပြန်ပြီ။ သူမရဲ့coatကခံနေတာမို့နှိပ်ရတာသိပ်မကောင်းပါ။ ဒါ့ကြောင့်

Differences (Completed)Where stories live. Discover now