ch35

12.3K 326 28
                                    

ဒီရက်ပိုင်းမမက ပိုပိုချစ်ဖို့ကောင်းလာ၏။ ကျွန်တော်တို့ဆက်ဆံရေးက အတည်ဖြစ်သွားပေမယ့်မမဆီက ခုချိန်ထိ ချစ်တယ်ဆိုတယ့်စကားကိုမကြားရသေးပါ။ ကျွန်တော့်ကိုကြိုက်တယ်ဟုပဲပြော၏။ ချစ်တယ်နဲ့ကြိုက်တယ်မှာ ဘယ်အဓိပ္ပာယ်ကပိုနက်ရှိုင်းမှန်းကျွန်တော်စဥ်းစားရလွန်းလို့ခေါင်းပါမူး၏။ သူမနှုတ်က တခါလောက်ချစ်တယ်လို့ပြောမည့်အသံလေးကိုလွမ်းမိ၏။ ဒါပေမယ့်လည်း သူမရဲ့စိတ်ကဖြစ်ပေါ်လာတယ့်ခံစားချက်အတိုင်းကိုပဲကျွန်တော်ကလိုချင်တာဖြစ်သည်။ ဒါ့ကြောင့် ကျွန်တော်အဆင်ပြေပါတယ်။

ဒီနေ့မှာတော့ ကျွန်တော်က ကိစ္စတချို့ရှိနေတာကြောင့် ၇နာရီထိုးတယ့်ထိအိမ်ပြန်လို့မရသေးပါ။ သူမကိုလှမ်းအကြောင်းကြားမို့ပေမယ့် စိတ်ပျက်စရာကောင်းစွာပဲဖုန်းအားက ကုန်သွား၏။ ကျွန်တော်သူငယ်ချင်းရဲ့ဖုန်းနဲ့လှမ်းဆက်မို့ပေမယ့် ကံဆိုးစွာနဲ့ သူမကဖုန်းအစိမ်းတွေမကိုင်လေဘူးဆိုတယ့်အချက်ကိုမှတ်မိသွားတာကြောင့် သက်ပြင်းသာချပြီးအိမ်ပြန်ရောက်မှပဲသူမကိုရှင်းပြတော့မည်ဟုတွေးထားမိ၏။ အချိန်တွေရယ် မြန်မြန်ကုန်ပါတော့ကွာ။

"ကိုသွေး လာပါဦး"

ငွေလမင်းကခေါ်နေတာမို့ စိတ်မပါပေမယ့်လည်း သူမနားသွားလိုက်၏။

"Moonကို ဒါလေးချည်ပေးပါလား မမှီလို့"

"ရတယ်လေ ကိုယ်လုပ်လိုက်မယ် လမင်းက ဟိုမှာသွားကူရင်ကူလိုက် "

"ဟုတ် ဒါဆို ကိုသွေးကိုပဲအားကိုးတော့မယ်"

Night partyလိုမျိုး ဒီနှစ်ရဲ့ ဖရက်ရှာလေးတွေကိုကြိုဆိုပွဲမှာ ကိုယ်က ငြင်းဆန်လို့မရစွာပဲ MCဖြစ်ပေးရမှာဖြစ်တယ်။ ဆရာကန်တော့ပွဲပြီးကထဲက ကျွန်တော်က ငြင်းဆန်လို့မရတယ့်ပွဲတွေများလာ၏။ အခုဒီပွဲက တစ်ကျောင်းလုံးကိုယ်စားပြုဖြစ်တာကြောင့် ဆရာကန်တော့ပွဲထက်ပင်ပိုကြီးကျယ်၏။ ရှေ့ရက်ကထိငြင်းထားလို့ အဆင်ပြေပြေပေမယ့် ဒီနေ့မှရုတ်တရက်ကြီးငြင်းလို့မရအောင်ဖြစ်လာသည်။ ကိုယ့်ဆရာကလည်း တချက်လွှတ်အမိန့်ကြီးနဲ့ပြောတာကြောင့် ကျွန်တော်ကတော့ အင်တင်တင်နဲ့ပဲလက်ခံလိုက်ရတော့တယ်။

Differences (Completed)Where stories live. Discover now