ch32

12.4K 336 19
                                    

ဒီနေ့မှ ၂ရက်မြောက်နေ့မို့ဓမ္မတာက ကိုယ့်ကိုလုံးဝဒုက္ခပေး၏။ စိတ်ပင်ပန်းတာကြောင့်လားမသိပေမယ့် ပုံမှန်ထက်အရမ်းကိုက်ခဲနေ၏။ ဒါ့ကြောင့် အလုပ်ကအစောကြီးပြန်လာပြီး ကိုယ့်အခန်းထဲကိုယ်နွေးနွေးထွေးထွေးဝတ်ပြီး ကုတင်ပေါ်သက်သာအောင်လှဲနေရသည်။ ရေနွေးအိတ်ကိုဗိုက်ပေါ်တင်ထားပြီး လောကကြီးနဲ့ပင်အဆက်ပြတ်သွားရ၏။

ကိုယ်အိပ်မက်မက်နေတယ်။ ဟုတ်တယ် ကာလာများစွာနဲ့ကောင်းကင်ကြီးကလှပနေတာလား အကျည်းတန်နေတာလားကိုယ်မသိပါ။ တောက်ပသောနေရောင်ခြည်လိုအပြုံးမျိုးနဲ့ကိုယ့်ကိုပြုံးကြည့်ကာလက်ကမ်းကြိုနေသူမှာ ကီပင်ဖြစ်၏။ ကိုယ်လက်ကမ်းတော့မည့်ဆဲဆဲပါတ်ဝန်းကျင်တွင်ရိုက်ခတ်လာသောရယ်သံများကိုကြားရသည်။ အစကတိုးတိုး တဖြည်းဖြည်းကျယ်လောင်စွာ။ နောက်ဆုံးတွင်တော့ အိပ်မက်ပင်ဖြစ်လင့်ကစား လှောင်ရယ်သံများကြောင့် ကိုယ့်လက်ဟာ လေထဲတွင် တုန်ယမ်းနေ၏။ ဟင့်အင်းမဟုတ်ဘူး။ မဟုတ်ဘူးလို့ဆိုနေ။ ကိုယ်ခေါင်းငုံ့လိုက်တယ့်အချိန်မှာ အောက်တွင် မည်းမှောင်နေသောအသူရာချောက်ကြီးရှိ၏။ ထို့ပြင် ထို့ပြင် ထိုနေရာတွင် ရောင်ပြန်ဟပ်လှအောင်ကြည်လင်သောမှန်သားပြင်ကဲ့သို့ရေပြင်ကြီး။ အိုဘယ်လိုဖြစ်နိုင်မှာလဲ။ ငါလား။ ဒါငါဟုတ်ရဲ့လား။ မဟုတ်ဘူး ။ မဟုတ်ဘူး ။ မြင်နေရသော အသက်ကြီးကြီးရုပ်ရည်ကြီးကိုကိုယ်ကြောက်လန့်စွာကြည့်နေမိသည်။ ပြီးတော့ ကိုယ့်ကိုနေရောင်ခြည်လိုပြုံးပြီးလက်ကမ်းပေးနေသူ။ ပတ်ဝန်းကျင်ကလှောင်ရယ်သံတွေက တဖြည်းဖြည်းကျယ်သထက်ကျယ်လာသယောင်။

"ဟင့်အင်း မဟုတ်ဘူး!"

အိပ်မက်ကလန့်နိုးလာတယ့်ကိုယ်ဟာ အသက်ရှူသံများပင်ပြင်းနေ၏။ နားထဲကမထွက်သော ရယ်သံတွေ။ ကိုယ်အာခြောက်စွာပဲ ဘေးစားပွဲကရေဘူးကိုလှမ်းယူလိုက်တယ့်အချိန်မှာ အခန်းတံခါးရုတ်ချည်းပွင့်လာ၏။

"မမ ဘာဖြစ်တာလဲ ခုနကအော်သံကြားလိုက်တယ်"

အပြေးအလွှားရောက်လာဟန် ကောင်လေးက အေပရွန်ပင်မချွတ်ရသေးပါ။ ဒီကောင်လေးကိုမြင်တော့ ဘာလို့မှန်းမသိ အလိုလိုဝမ်းနည်းလာရသည်။

Differences (Completed)Where stories live. Discover now