party

2.8K 496 33
                                    

အကျီလေး နှစ်ထည်လောက်သာ ထည်ထားတဲ့အိတ်လေးဆိုပေမယ့် သူသယ်ရတာလေးလာသလိုရှိလာမိသည်။
လာတုန်းက တက်ကြွခဲ့သလောက် အပြန်လမ်းမှာ စိတ်ဓာတ်အတောကျသွားခဲ့သည်။

"ကိုယ်အလုပ်ကိစ္စပြန်ပေါ်လာလို ညလေယာဉ်နဲ့ပဲ ပြန်သွားရတယ် ကိုယ်မင်းကိုတွေ့ချင်လွန်းလို့‌ခေါ်မိတာတောင် အားနားသွားတယ်
မင်းလာရင် ပင်ပန်းနေမှာ "ဆိုသော စကားအသံလေးကြောင့်ပင်။

ထိုစကားကြားရတုန်းကတော့
"ကျတော်လဲ အလုပ်များနေလို ခင်ဗျားဆီမပြောနဲ့ မြို့တွင်းမှာတောင် ဘယ်မှမသွားနိုင်ဘူး"
ဟုသာ ခပ်ချေချေဖြေခဲ့မိပေမယ်ပေါ့။

ဦးထုပ်လေးဆောင်းထားသည်အပေါ်
Hoodieလေးကို ခေါင်းစွပ်စွပ်ရင်း နားထဲနားကြပ်ထည့်နေတုန်း သူဘေး ထိုင်ခုံလာထိုင်သော ကောင်လေးတယောက်ကြောင့် မျက်နှာကို ထပ်ဖုံးအုပ်ရန်ကြိုးစားမိလိုက်သည်။

သို့ပေမယ့် ထိုကောင်လေးက သူကိုဂရုစိုက်ပုံပင်မပေါ်
သူအထုပ်ကလေးကို သေချာ နေရာချဖို့ အလုပ်ရှုပ်နေခဲ့လေသည်။
ဒီလို ဂရုမစိုက်တက်တဲ့လူဘေး သူထိုင်ရတာ ကောင်းသည်။
မဟုတ်ရင်သူကို ပတ်ဂျီမင်းဆိုတာသိပြီး တလမ်းလုံး
ပေါက်ပေါက်နေတော့မှ သူစိတ်ရှုပ်ရပေမည်။

သူတွေးနေတာတောင်မဆုံးသေး သူဘက်လှည့်ကြည့်လာတဲ့
မျက်မှန်အဝိုင်းလေးနဲ့ကောင်လေးဟာ သူဘက်သို့
တခုခုကမ်းပေးလာခဲ့သည်။ ဒါကြောင့် သူလှန့်ပြီး အနောက်သို့ ဆုတ်သွားမိပေမယ့်။

"ဂျင်စင်းဖျော်ရည်ပါ သောက်ပါအုန်းလား!!"

"ဗျာ!!"

"လမ်းခရီအတူသွားရတဲ့ လူတွေကိုပါ ပေးဖို့ ကျတော်
အလုံအလောက်ယူလာတာမို့ အာနားစရာမလိုပါဘူးဗျ "

ခေါင်းလေးကုတ်ကာ သူအရှေ့သို့ ထိုဂျင်းစင်းဖျော်ရည်ဆိုသော အရာကိုပေးလာပေမယ့် သူမယူမိပါ။

"ကျေးဇူးပါပဲ ၊ ကိုယ်မှာ တခြားသောက်စရာတွေပါတယ်လို"

"အာ ဟုတ်ကဲ့!!"

ထိုလေးလုံးကောင်လေးရဲ့ ဂျင်စင်းကိစ္စကို သူအဆုံးသတ်ခဲ့ပေမယ့် နောက်ဆယ်မိနစ်လောက်ကြာတော့ ဇတ်လမ်းနောက်တခုစလာခဲ့သည်။ နားကြပ်တပ်ထားတဲ့သူ ပခုံးကို လက်ညိုးလေးနဲ့တို့ထိလာရင်း။

JK bridegroom [ kookjin]Where stories live. Discover now