broken

3K 545 47
                                    

သဘော်တဆင့် စီးပြီးတော့ တခါ
ဟိုင်းဝေးကားဂိတ်သို့ရောက်တော့တခါ
အိမ်သို့ သူဖုန်းဆက်ရသည်။
စိတ်မချခြင်းများစွာဖြင့် သူကိုလွှတ်လိုက်သော အုပ်ထိန်းသူတွေက ဘယ်နေရာရောက်ရောက် အသိပေးရန် မှာကြားခဲ့တာမို့ သူအသိပေးအကြောင်းကြားရသည်။

ယခုလဲ ကားပေါ်ကဆင်းပြီးသည်နှင့် သူရဲ့ပန်းရောင်ခေါက်ဖုန်းလေးကိုထုပ်ကာ အိမ်သို့ဆက်သွယ်ခဲ့လိုက်သည်။
ကားပေါ်မှာသူကြောင့် အခြားသူတွေ စိတ်အနှောက်ယှက်ဖြစ်ခဲ့ရတဲ့ ကိစ္စလေးကိုတော့မပြောမိတော့ပါ။

ဒီခရီးလေးဟာ သူသဘောနဲ့သူထွက်လာရတာမို့
မကောင်းတဲ့ကိစ္စတခုခုပေါ်လာရင်တောင် ဖုံးကွယ်ထားဖို့
စထွက်လာထဲက သူရည်ရွယ်ထားသည်။

အဝေးပြေးကားကွင်းထဲမှာ အထုပ်လေးတွေကိုင်ရင်း
ထွက်လာတဲ့သူဂျောင်ကုရှီရဲ့ လိပ်စာသာသိပြီး ဘယ်လိုသွားရမှန်းမသိတာမို့ တက္ကစိသမား ဦးလေးကြီးတယာက်ကိုသာ
ပြရင်း မောင်းခိုင်းလိုက်တော့သည်။

ကားငှားတုန်းက ငှားပြီး ကားသမားဦးလေးကြီးရုပ်ကိုအခုမှကြည့်မိတော့ ဦးလေးကြီးရုပ်က
နည်းနည်း
လူမိုက်ရုပ်ပေါက်နေသလိုပင်။ ပြီး‌တော့သူရှိရာနောက်ခန်းသို့လဲ
ခဏခဏ လှည့်ကြည့်နေတာမို့ သူရင်တွေမတရားတုန်လာကာ ‌လက်ချောင်းလေးတွေလဲ ဂနာမငြိမ်ဖြစ်လာခဲ့သည်။

~ဟူးးး ဟန်ဆောင်ရ‌အောင် ကင်မ်ဆော့ဂျင်
ငါမကြောက်ချင်ဟန်ဆောင်ရအောင်~~

ဆော့ဂျင်တယောက် ကိုယ်ကိုကိုယ်အားပေးနေပေမယ့်
မျက်နှာကတော့ ထိန်းမရအောင်ပျက်နေလေပြီ။

"ကောင်လေး ~~အရမ်းပူနေလို့လား အဲယားကွန်းဖွင့်ပေးရမလား!!"

"မဖွင့်နဲ့!!!!!

မှန်အလုံပိတ်ပြီးရင် အဲယာကွန်းဖွင့်တယ်ပြောကာ
တခြားအငွေ့ပါတဲ့ဆေးဗူးတဗူးကို ဖွင့်လိုက်ပြီး ခရီးသည်တွေကို မေ့မြောသွားအောင်လုပ်ကာ ပိုက်ဆံတွေလုယူတက်သော
တချို့သော ကားသမားတွေရှိကြောင်း yeonjun
ပြောပြဖူးလို
သူမှန်ပိတ်ပိတ်ဖို့ကိုအတင်းငြင်းမိသည်။

JK bridegroom [ kookjin]Where stories live. Discover now