Ring ⚠️

2.1K 301 23
                                    

အားးးးး~~~

နှစ်ယောက်သားလိမ့်ကျသွားတာမှန်ပေမယ့်
ဆော့ဂျင်ကိုယ်လေးကို သူခပ်တင်းတင်းပွေ့ဖက်ထားခဲ့လို ကံကောင်းစွာ ဆော့ဂျင်မှာ ဘာဒဏ်ရာမှမဖြစ်ခဲ့။
သူလည်း မျက်နှာ၌ပင်ခြစ်ရာလိုမျိုး ဒဏ်ရာရခဲ့ပေမယ့် တခြား ကြီးကြီးမားမား မဖြစ်ခဲ့။

"အဆင်ပြေရဲ့လားဟင်?
အရမ်းနာနေတာလားဟင်!!"

သူခြေထောက်ကို ဆုပ်ကိုင်လိုက်သည်ကိုမြင်တော့ ဆော့ဂျင်ဟာ  သူအနားတိုးလာရင်း မေးလာရှာသည်။

"ကျစ်~~ ခြေထောက်ကကွာ!!"

အကြောညှတ်သွားပုံရတဲ့ ခြေထောက်ကို ဆွဲဆန့်လိုက်လို သက်သာသွားပေမယ့် သူအနားတိုးကာ
စိုးရိမ်တကြီးဖြစ်နေတဲ့ ဂျင်ရဲ့ ဂရုစိုက်မူလိုချင်တာကြောင့် ခေါင်းသာငြိမ့်ပြလိုက်သည်။

"တောင်းပန်ပါတယ် ကျတော်ကြောင့် ~~"

ပွရှုပ်သွားတဲ့ဆံသားတွေထက်မှာကပ်နေတဲါ သစ်ရွက်ခြောက်တွေ ကို သူဖယ်ပေးရင်း အဆင်ပြေကြောင်းပြောလိုက်မိတော့ ငိုမဲ့မဲ့ဖြစ်လာတဲ့ဆော့ဂျင်ဟာ သူပါးပြင်ထက်က သွေးစို့နေတဲ့ ဒဏ်ရာတွေကိုထိတွေ့လာရင်း။

"ဘာလို့ လိုက်လာခဲ့ရတာလဲ?
အခုထိခိုက်မိကုန်ပြိမလား!!"

သူပေါ်အေးစက်စက်ဆက်ဆံနေတဲ့ ဆော့ဂျင်ရဲ့
ရင်ထဲမှာ သူအတွက်နေရာရှိနေသည်ကို
သူအိမ်လိုက်ပို့သည့်နေထဲက သိထားပေမယ့်
ဒီနေ့မှာတော့သူရှင်းရှင်းသိလိုက်ရသည်။

သူလည်းပဲ
သူအပေါ်တကြိမ်မကလက်တင်ခဲ့သည့်
ဒီလူသားအပေါ် စိတ်မပျက်သွားဘဲ
  သဘောကျသည်ထက်
သဘောကျနေမိခဲ့သည်က ထူးဆန်းသညါ။

ဒါဟာ ဂျီမင်း၏လောင်း‌ေကြးနဲ့အလျင်းမဆိုင်။


"ဟိုတယ်မှာ အေးဆေးမနေဘဲ ဘာလိုလိုက်လာရတာလဲလို!!"

"မင်းတယောက်ထဲ သွားနေတာကို စိတ်မချလိုပေါ့!!"

"ခင်ဗျားးး တော်ပြီ
မတ်တပ်ရပ်နိုင်လား!! ကျတော်ကိုကိုင်ပြီး ဖြေးဖြေးခြင်းရပ်ကြည့်ပါလား!! "

JK bridegroom [ kookjin]Where stories live. Discover now