shipper

924 222 32
                                    

သူအခုတလော company ကိစ္စတွေအပေါ်စိတ်ဝင်တစားရှိနေမိလို အိမ်တော်ထိန်းကြီးပင် ထူးဆန်းနေခဲ့တယ်။

Clubတွေ အရင်ကလို မသွားဖြစ်တော့သလို
အရက်တွေလည်းမသောက်ဖြစ်ခဲ့ပေမယ့်
သူကို ဆိုက်ကြည့်သွားခဲ့တဲ့မျက်ဝန်းတစုံကို
ပြန်မြင်ယောင်လာရင်တော့ စီးကရက်တွေ အများကြီးသောက်မိလာတယ်။

✨သိပြီ သိပြီ ကိုယ်ပြန်လာရင် ဝယ်ခဲ့မယ်
ဟုတ်ပြီလား?"✨

"✨ချစ်တာပေါ့ ၊ ဒါလင်ကို သိပ်သိပ်ချစ်!!"✨

"✨ငါ ပြန်မလာနိုင်ဘူး ဒီနေ့အစည်းအဝေးရှိတယ်
ဟာ ကလေးတွေကိုပြောလိုက်ပေါ့
လာရစ်နေတယ် ဒီမိန်းမကတော့ !!!"✨

"✨တောါလောက်ပြီ
ဒီလအသုံးစရိတ်ဘယ်လောက်ကျနေပြီလဲသိရဲ့လား?  မင်းလက်ထက်ထားတဲ့လူက
Company ဝန်ထမ်းကွ
ရွှေဆိုင်ပိုင်ရှင်မဟုတ်ဘူးးးး!!"✨

" ✨အင်းပါ သဲလေးရဲ့
ကိုယ်မှာသဲလေးတယောက်ထဲရှိတာ
စိတ်ချ စားပွဲသွားရင် ဘယ်မိန်းကလေးငှဲပေးတာမှမသောက်ဘူးနော် နော်!!"✨

သူCompany စားသောက်ခန်းသို့ရောက်လာခဲ့ရင်း စုံတွဲရှိတဲ့ဝန်ထမ်းတွေ ၊ အိမ်ထောင်သည်ဖြစ်တဲ့ဝန်ထမ်းတွေရဲ့ ဖုန်းပြောသံတွေကို
အာရုံတဆိုက်နားထောင်နေရင်းက သူမိဘတွေရဲ့
အဖြစ်အပျက်တွေကိုလည်း မြင်ယောင်လာပြန်တယ်။

" မန်နေဂျာဂန်းး!!!"

မိန်းမဖြစ်သူနဲ့ ဖုန်းပြောပြီး ပြန်လာတဲ့ မန်နေဂျာဂန်းကိုသူခေါ်လိုက်လေတော့ အလန့်တကြားဖြစ်ကာ သူအနားတရိုတသေဖြင့်ရောက်လာလေရဲ့။

" ဟုတ်ကဲ့ပါ ၊ သူဠေးး!!"

'' ဘယ်သူနဲ့ဖုန်းပြောနေတာလဲ?
မိန်းမနဲ့လား?"

" ဟု ဟုတိကဲ့ ၊ သူ ခဏခဏ ဆက်နေတာနဲ့
မကိုင်မဖြစ်မို့ ကျတော်~~"

" ကျတော်ခင်ဗျားကို ဆူဖို့မဟုတ်ပါဘူး
မေးစရာရှိလို~~ ခင်ဗျားအိမ်ထောင်ကျတာ
ဘယ်နနှစ်ရှိပြီလဲ!!"

သူစိတ်ဝင်တစားမေးလိုက်ပေမယ့်
တဖက်ကလူက အထူးအဆန်းဖြင့်ကြည့်လာလို့
မျက်ခုံးသာပင့်ပြမိတော့။

JK bridegroom [ kookjin]Where stories live. Discover now