home

1.5K 307 18
                                    

"ဗျာ!!"

ခြေထောက်ခေါက်သွားလိုလမ်းမလျှောက်နိုင်တော့ဘူးပြောလာတဲ့ ဂျောင်ကုက သူကိုအိမ်ထိလိုက်ပို့ပေးဖို့အကူအညီတောင်းလာပြန်သည်။

"ခဏလေး~~ ကျတော် ဂျွန်ကိုဖုန်းဆက်~~
ဟာ~~ ဖုန်းက ကျန်ခဲ့တာပဲ~~ ဂျောင်ကု ခင်ဗျားဖုန်းရော?"

"မသိဘူး~~ ရေထဲပြုတ်ကျသွားပြီထင်တယ်!!"

"ခဏလေး ကျတော် ဂျွန်ကို သွားခေါ်~~"

"အ့~~ နာလိုက်တယ်~~ မသွားပါနဲ့လား ဂျင်ရယ်"

အတော်လေးနာကျင်နေပုံရတဲ့ဂျောင်ကုကိုကြည့်ပြီးသူသနားမိသွားသည်။ မူးလည်းမူးနေသေးသည်ထင် မျက်လုံးတွေက ရီဝေပြီး မျက်ရည်တွေလည်းရစ်ဝိုင်းနေတာ~~ ရေတွေလည်းစိုထားတော့ ချမ်းလည်းချမ်းနေရှာမှာ။

"ဂျင်ရယ် ကိုယ်အရမ်းချမ်းနေပြီ!!"

သူတွေးလိုတောင်မဆုံးသေး သူအကျီစကိုဆုပ်ကိုင်ရင်း တောင်းဆိုနေတဲ့ ဂျောင်ကုဟာ
သူမြင်ဖူးနေကြပုံစံနှင့်အလျင်းမတူညီခဲ့။

အစာတောင်းနေတဲ့ ကြောင်ပေါက်လေးတကောင်လိုပင်။

"ကျ ကျတော် ကားမမောင်းတက်ဘူးဗျ!!
တက္ကစီ ခေါ်ပေးလိုက်ရင် ဖြစ်တယ်မလား!!"

သူအကျီစကိုဆုပ်ကိုင်ထားတဲ့ လက်တွေကိုဖယ်ချလိုက်တော့ သူလက်တွေ
ကို အတင်းဆုပ်ကိုင်လာတော့သည်။

"အခုခေတ်တက္ကစီသမားတွေက ယုံရတာမှမဟုတ်တာ~~ ကိုယ့်ကိုတနေရာခေါ်သွားလိုက်ရင်
ဘယ်လိုလုပ်မလဲ ကိုယ်ကြောက်တယ်~~"

တကယ်ပဲကြောက်နေပုံပေါ်တဲ့ ဂျောင်ကုကိုကြည့်ပြီး အခုတလောဖတ်ထားမိတဲ့ မူခင်းသတင်းတွေက
ခေါင်းထဲပေါ်လာသည်။
ဟုတ်တယ်~ ဂျောင်ကုက သာမန်သူဠေးသားမှမဟုတ်တာ~~ငွေညှစ်တာတို့ ပြန်ပေးဆွဲတာတို့~~
လုပ်ရင် ဘယ်လိုလုပ်ပါ့မလဲ?

"ဂျင်ရယ် ကိုယ်ကို တယောက်ထဲ မလွှတ်ပါနဲ့နော်!!"

နောက်ဆုံးတော့လည်း မနေနိုင်သည့်သူကပဲ
ဂျောင်ကုကိုတွဲကာ ဆိုင်အပြင်ထွက်လာခဲ့ရတော့သညါ။
ဂျွန်ကိုလည်း သူရှာကြည့်သေးပေမယ့် မတွေ့တာမို့ နောက်မှအကျိုးအကြောင်းပြောပြလိုက်မည်ဟု တွေးလိုက်မိသည်။

JK bridegroom [ kookjin]Where stories live. Discover now