mine

859 222 23
                                    

မျက်လုံးထဲပုံဖော်မိတဲ့ မြင်ကွင်းတွေနဲ့အတူ
စိတ်ရှုပ်ထွေးလာရင်း နမည်တောင်အမှတ်မရချင်ဖြစ်နေတဲ့ ကျွန်းသားလေးနမည်ကိုတွေးသည်။

လက်စွပ် !!

ဒီလက်စွပ်က !!
သူအတွေးတွေနဲ့အတူ ရှေ့နေကြီးဆီဖုန်းဆက်လေတော့ ဖုန်းကမကိုင်။ ဒါကြောင့် ဂျီမင်းကိုအကျိုးအကြောင်းတောင် မပြောဘဲ
ကားရှိရာသို့ အပြေးအလွှား သွားတော့သည်။

" ဆော့ဂျင်!!! ဟုတ်တယ် အာ့ကောင်လေး
နမည်ဆော့ဂျင်~~ တကယ်ပဲ ငါတွေးနေတာမှန်နေရင်~~ ~~ မှန်နေမှာ ဒီလက်စွပ်က ~~"

ရှေ့နေကြီးရဲ့ အိမ်ရှေ့ရောက်လေတော့
ဟွန်းကိုမတရားတီးပေမယ့် တံခါးလာဖွင့်တဲ့ ဦးလေးကြီးက ကြာနေတာမို့ ထိုလမ်းမမှာတင်ကားကိုထိုးရပ်ခဲ့ကာ အိမ်ထဲပြေးဝင်လေတော့။


" ဂျောင်ကုရှီ ဘာ ဘာဖြစ်‌လာတာလဲ!!"


သူရဲ့ အလောတကြီးဖြစ်လာတဲ့ပုံစံကိုကြည့်ပြီး
ရှေ့နေမင်က မျက်မှန်လေးကောက်တက်ကာ ထွက်လာလေတော့ လက်ကိုဖမ်းဆွဲလိုက်ကာ
စကားစပြောဖို့ပြင်ပေမယ့် လောနေတဲ့စိတ်တွေကြောင့်ရော ၊ မောလာတဲ့အရှိန်ပါပေါင်းပြီး
စကားတွေကမပီတော့။

" ရှေ့နေကြီး ဆော့ဂျင်  အမွေ လက်ထက်!!"


" ဘာဖြစ်တယ်~~ ဂျောင်ကု စိတ်ကိုအေးအေးထားပြီး စကားကို တလုံးစိပြော!!".


" ပုံပြပေးး ~ ကျတော်လက်ထက်ပွဲပုံ!!"

" နေရင်းထိုင်ရင်း မင်းလက်ထက်ပွဲပုံဘာလို့လာရှာရတာတုန်းး "

သူလောနေပုံကြောင့် ရှေ့နေကြီးကအချိုရည်တခွက်ဖျော်လာပေးလေတော့ မငြင်းဘဲ အလျင်အမြန်သောက်ချမိလိုက်လို သီးပါသီးသည်။

" ဂျောင်ကု ဖြေးဖြေး~~
ဒီအချိန်ကြီးမှ မဂ်လာဆောင်ကိစ္စကိုဘာလို့လာပြောနေရတာလဲ? ဘာလဲတကယ်ပဲ မဂ်လာဆောင်ချင်လာလို့လား?"

JK bridegroom [ kookjin]Where stories live. Discover now