love me? (or) like me?

1.8K 333 25
                                    

ခေါ်သံတွေလည်းမကြားရတော့သလို
ချမ်းစိမ့်ခြင်းဒဏ်ကိုလည်းမခံစားရတော့ နဖူးထက်ကကျနေတဲ့ ချွေးစတွေကိုတော့ သုတ်ဖို့မအားသေးပါ။

"အင်မ်းး~~"

သူ
ရင်ဘတ်နားကမှာရှိနေတဲ့ ခေါင်းလုံးလုံးက ဆံသားတွေကို ဆုပ်ကိုင်ရင်း နှုတ်ကညည်းညူသံသာထွက်လာမိခဲ့တယ်။

"ဂျင်!!"

မျက်နှာထက်ကချွေးစတွေ တယုတယ
သုတ်ပေးလာခဲ့တဲ့သူရဲ့လက်ကိုဆုပ်ကိုင်လိုက်ရင်း သိပ်ကိုသိချင်နေသည့်အရာကိုမေးမြန်းလိုက်မိသည်။

"ခင်ဗျား ~~ကျတော်ကို သဘောကျတာလား
ချစ်တာလား?"

သူအမေးကြောင့် အပြုအမူတွေ အားလုံး ရပ်တန်သွားတဲ့သူကြောင့် ဒုတိယတကြိမ် အမှားခဲ့ပြန်ပြီဆိုတာသိလိုက်ရတယ်။

ပထမတကြိမ်က ဘာမှမသိနားမလည်ခဲ့လို ၊
ဘာဆိုဘာမှ မတွေးတောမဆင်ကြဉ်နိုင်ခဲ့ဘဲ
ရင်ခုန်မူသက်သက်နဲ့ မှားယွင်းခဲ့ပေမယ့်

အခု တကြိမ်

ယခု တကြိမ်ကတော့ အရာအားလုံးကိုသိသိလျှက်နဲ့ သူမှားခဲ့မိပြန်တာ။
ဒီလူသားကိုယုံကြည်မိခဲ့ပြန်တာ။

သူကိုချစ်သွားလိမ့်မယ်ဆိုတဲ့ အတွေးလေးတခုနဲ့မျှော်လင့်ချက်လေးတခုထဲနဲ့ ။
သူစိတ်ကူးယဉ်ဆန်လွန်းခဲ့တယ်ထင်ပါရဲ့
ထိုလူသားနှုတ်မှ ဟန်ဆောင်၍ပင် ချစ်တယ်ဆိုတဲ့စကားမကြားရတော့ မျက်ရည်တွေက ဆို့နင့်လာခဲ့သည်။

လွယ်လွန်းမိပြန်တဲ့သူကိုယ်သူသာ မုန်းတီးမိလာရင်း အစစအရာရာ ကူညီပေးခဲ့တဲ့ အကိုဂျီမင်းတို့အပေါ် သေမတက်အားနာမိလာသည်။

"ဖယ်ပေး~~ ဖယ်ပေးပါလား~~"

မျက်ရည်တွေကို ထိုလူသားမမြင်အောင်သုတ်ချရင်း  ချက်ချင်းဆိုသလို ကုန်းထမိလိုက်သည်။
အတော်လေးကျယ်သွားဖြစ်သည်အကျီကို ခန္ဓာကိုယ်နှင့်ကပ်အောင် ဆွဲပတ်လိုက်ချိန်မှာ

"ခင်ဗျားမှာ ဖုန်းရှိနေတာပဲ!!"

သူတို့ဘေးမှာ ကျနေတဲ့ဖုန်းလေးကို silent mode
offပေးလိုက်ရင်း ထိုလူသားလက်ထဲထည့်ပေးလိုက်ကာ ထိုနေရာမှ ထွက်သွားရန်ပြင်သည်။

JK bridegroom [ kookjin]Where stories live. Discover now