dating

2.3K 331 37
                                    

**ဂျင်က ကြေငြာရိုက်ကူးမူကို
လျှော်ကြေး နှစ်ဆပေးပြီး ဖျက်သိမ်း
သွားတယ်**

ရိုက်ကူးရေးအဖွဲ့သားတွေဆီကသိရတဲ့သတင်းစကားတွေနဲ့အတူ ဂျင်က ဦးဆုံးမြို့ကိုပြန်သွားခဲ့ကြောင်းလည်း ထပ်သိလိုကါရပြန်တယ်။
ထိုလူသားငယ်နဲ့ဆုံချင်လွန်းလို ကြေငြာကိုအကြောင်းပြပြီး နယ်ခရီးထိ ထွက်လာခဲ့တာ
အခုတော့ cancel သွားတယ်တဲ့လား?

ထိုနေ့ညက အဖြစ်အပျက်တွေထဲ သူမျှော်လင့်ထားတာ‌ေရာ မထင်မှတ်ထားတဲ့ အရာတွေရော ကြုံတွေခဲ့ရတယ်။

သူမျှော်လင့်ထားသလို
နှစ်ယောက်ထဲရှိသည့်အနေအထားတခုကိုရခဲ့ပြီး
ကံကောင်းစွာ
အနီးစပ်ဆုံးအနေအထားအထိပါရောက်ခဲ့ကြတယ်။

ဒါကြောင့် သူပျော်ရွှင်နေခဲ့ပေမယ့် စကားတခွန်းလေးကြောင့်နဲ့
ချက်ချင်းဆိုသလို အခြေအနေတွေဟာပြောင်းပြန်ဖြစ်သွားကုန်ပြန်တယ်။

သူကိုစူး"ဆိုက်"ကြည့်လာခဲ့တဲ့ မျက်ဝန်းတွေမှာ
မျက်ရည်တွေနဲ့အတူ
နာကြဉ်းမူတွေပါနေသယောင်။

ထိုကောင်လေးကိုသဘောကျတဲ့အထဲ
ဒီမျက်ဝန်းလေးတွေပါသလို
သူနဲ့အရင်ထဲကရင်းနှီးမူရှိခဲ့တယ်လိုလည်း ခံစားနေမိပြန်တယ် ၊ ဟုတ်တယ်
ထိုကောင်လေးရဲ့ မျက်ဝန်းတွေက သိပ်ကိုဆန်းကျယ်လွန်းတယ်။

သူ ဆိုးလ်ကိုပြန်ရောက်လာပေမယ့် ကောင်လေးကိုဆက်သွယ်ဖို့ မကြိုးစားမိခဲ့ပဲ အတွေးတွေနဲ့ပဲ
လှောင်ပိတ်နေခဲ့မိတာ
သွားနေကြ bar တွေclub တွေတောင် မသွားဖြစ်ခဲ့တဲ့အထိ။

ကောင်လေးပြောခဲ့တဲ့ စကားတွေပဲ နားထဲကြားယောင်ပြီး ‌အရင်ကပတ်သတ်ခဲ့ဖူးများလားလို
တွေးမိပေမယ့် ဦးနှောက်ထဲလုံးဝမပေါ်လာ။
ဘယ်လို အမှတ်တရမှလည်း တစွန်းတစမှ မထွက်လာခဲ့။

သူပဲတွေးနေမိလိုလား?
တိုက်ဆိုင်တာပဲလားမသိ အခုတလော
ကောင်လေး သတင်းတွေ၊ ကောင်လေးကြေငြာတွေပဲမြငိနေရတယ်။
သာမာန်ရုပ်ရည်မဟုတ်တဲ့ကောင်လေးက
မော်ဒလ်တွေထဲ အတော်လေးနမည်ကြီးလာခဲ့တာ
ကြေငြာမှန်သမျှမှာလညါး ထိုကောင်လေးပါနေတက်သလို သရုပ်ဆောင်ဖို့ ကမ်းလှမ်းခြင်းတွေလည်းအများကြီး
ခံထားရသည်တဲ့လေ။

JK bridegroom [ kookjin]Where stories live. Discover now