left

808 200 15
                                    

ဆော့ဂျင်က သူအိမ်၌မနေတော့ပါ။

ဒါဟာ သူဆော့ဂျင်ကိုဆူပူမိတဲ့နေ့
ဂျေကေက ဆော့ဂျင် သရုပ်မှန်ကိုသိသွားသောနေ့ နောက်ရက်ထဲကဖြစ်သည်။

သူနှင်ထုတ်မိခဲ့တာမဟုတ်ပေမယ့် ထွက်သွားမယ့်
ဆော့ဂျင်ကိုလညိး သူမတားမိ။
သူတကယ်ပဲ ဆော့ဂျင်အပေါ် ဘယ်လိုစိတ်တွေဝင်နေလို ဝင်နေမှန်းမသိအောင် ဖြစ်နေတော့တာ။

" အကို ဂျင်လေးက ပထမငှားနေတဲ့အခန်းအဆင်မပြေလို နောက်တခန်း ပြောင်းနေတယ်တဲ့"

"သူသဘောနဲ့သူ ထွက်သွားတဲ့သူအကြောင်း
ဘာလို့ငါကိုလာပြောနေရတာလဲ!!"

" အကိုပဲ သွားစေချင်ခဲ့တာမဟုတ်လား?
အကိုသာ မသွားစေချင်ရင် အကိုတားခဲ့မှာပေါ့
ဒီလိုပုံအတိုင်းသာဆို ဂျင်လေးက ကျွန်းပြန်ရင်ပြန် မပြန်ရင် ဂျွန်ဂျောင်ကု အကွက်တွေထဲ မြောပါတော့မှာ ဒါဆို ကျတော်တို့ကြိုးစားခဲ့သမျှတွေ~~အလဟာသတ် "

" ဘယ်သူက အလဟသတ်ဖြစ်မယ်တဲ့လဲ
ဆော့ဂျင်က အာ့လောက်ထိ တုံးအ မယ် ကလေးမဟုတ်ဘူးး ၊ သူမှာကိုယ်ပိုင် စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိတယ် !! "

" ဂျွန်ဂျောင်ကုကလည်း ခေသူမဟုတ်ဘူးဆိုတာ
အကိုအသိဆုံးဖြစ်မှာပါ ၊ အခုဆို
ဂျင်လေးက တယောက်ထဲလည်းနေနေရတော့
သူခင်ပွန်းဆိုတဲ့ခေါင်းစဉ်နဲ့ ပိုပြီးအတင့်ရဲနေမှာ "

ဘေးက ဆိုဘင်းကစကားနာထိုးလာသလို
ဆော့ဂျင်နဲ့မလိုက်သွားတဲ့ ယောဂျွန်းကလည်းထောက်ခံစကားဆိုလာခဲ့သည်။

ဂျီမင်းအငယ်နှစ်ကောင်အရှေ့မှာ ခံစားချက်တွေထုတ်မပြခဲ့ပေမယ့် သူအတွေးထဲမှာတော့ ဆော့ဂျင်ကိုစိတ်ပူလာခဲ့သည်။
အိမ်ကထွက်သွားတာကို ခွင့်ပြုခဲ့မိတဲ့သူကို သူလည်း ဒေါသထွက်မိလာကာ ဆော့ဂျင်နေတဲါ အိမ်ကိုမသိမသာစုံစမ်းမိတော့သည်။

_______

အကိုဂျီမင်းက သူကိုအများကြီးကူညီခဲ့ပြီးပြိမို့
သူခြေထောက်ပေါိ်သူရပ်တည်ရန် အချိန်ကျပြီဟု သူတွေးမိတာကြောင့် သူအကိုအိမ်ကထွက်လာခဲ့မိသည်။
ကျွန်းကိုပြန်ဖို့ဆိုတာ သူဘဝကို သုညသို့ ပြန်ပို့သလို ဖြစ်သွားမှာမို့ ဆိုးလ်မှာသာနေပြီး သူဘဝကိုရှေ့ဆက်ရန်ရည်ရွယ်လိုက်သည်။

JK bridegroom [ kookjin]Where stories live. Discover now