bad thing

1.7K 348 48
                                    

တအိမ်လုံးနှစ်ယောက်ထဲသာရှိနေသည့်
ဒီအနေအထားကြီးကိုသူဘယ်လို စတင်ဖြိုခွင်းရမလဲမသိလို
ရှောင်ပေးသွားကြတဲ့သူတွေကို စိတ်ထဲကကြိတ်ပြီး ကျိန်ဆဲနေမိတော့တယ်။

သူလောက်စကားကြွယ်တာသူပဲရှိပေမယ့်
ထိုလူသားနဲ့တွေ့ရင် ပြောစရာတွေပျောက်ရှကုန်ကာ အာစေးနေမိတော့တယ်။

"ကိတ်က စားလိုကောင်းရဲ့လား မင်နီးး"

"အင်းးး ၊ ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ
အလုပ်တွေရှုပ်နေခဲ့တာမဟုတ်ဘူးလား?"

သူစကားကြောင့် အချိုမကြိုက်တဲ့သူကြီးက
‌ကိတ်လေးကို တဇွန်းစားကာ ခပ်ပြုံးပြုံးလေးဖြင့်။

"အင်းး ၊ ကိတ်ကအရသာတကယ်ရှိတာပဲ
အချိုမကြိုက်တဲ့ကိုယ်တောင် သဘောကျသွားပြီ!!"

"ဂျွန်!!"

"ဒီနှစ်မင်းမွေးနေ့ကို မင်းမျက်နှာလေးကြည့်ပြီး
ဖြတ်သန်းချင်လို!!"

နောက်တဇွန်းထပ်စားနေတဲ့ ကိတ်ပန်းကန်ကိုသူဆွဲယူလိုက်တော့ သူဆီအကြည့်တွေရောက်လာခဲ့သည်။နားလည်ရခက်တဲ့ ဒီမျက်ဝန်းတွေကို
သူ အဓိပ္ပာယ်မဖော်ချင်လို အကြည့်လွဲလိုက်ရင်း။

"ဘယ်တော့ပြန်မှာလဲ?"

"ညစာအရင်စားရအောင်လား မင်နီး!!"

သူမေးခွန်းတိုင်းကို အဖြေတလွဲပေးလာတဲ့သူကြောင့် သူခေါင်းသာငြိမ့်ပြမိလိုက်တယ်။
အခုတလော သတင်းတွေအရမ်းထွက်လွယ်နေတာမို့ အပြင်မထွက်တော့ဘဲ  အိမ်၌သာ
ညစာစားရန်ရည်ရွယ်လိုက်သည်။

"အာ့ချာတိတ်လေးကို အိမ်မှာခေါ်ထားတော့မလိုလား!!"

"ချာတိတ်?"

ဂျွန်အမေးကိုသူနားမလည်လို မှာထားလိုရောက်လာတဲ့ဟင်းပွဲတွေကိုပြင်ဆင်နေရင်းက
ခေါင်းလေးစောင်းငဲ့ကြည့်မိတော့ ဝိုင်ပုလင်းဖောက်နေတဲ့ဂျွန်က သူphone wallpaper ကပုံလေးကိုပြလာခဲ့တယ်။

ဟုတ်တယ်။
သူတို့ ဂျင်ကို သောက်တက်အောင်သင်ပေးနေရင်းကာ သုံးယောက်သားမူးပြီး အပြောင်အပျက်
ဓာတ်ပုံတွေထရိုက်မိကြတာ ။
အာ့ပုံကိုအာ့နေကပဲwallpaperထားခဲ့မိတယ်ထင်ပါရဲ့ မနက်မိုးလင်းလာတော့ အာ့ပုံလေးဖြစ်နေခဲ့တယ်လေ ၊ ဒီပုံလေးကချစ်ဖို့ကောင်းနေတာကြောင့် သူမchangပဲဒီတိုင်းထားခဲ့မိတာအခုထိ
ပေါ့။

JK bridegroom [ kookjin]Where stories live. Discover now